ပဲရစ်လေဆိပ်မှာ ၁၈ နှစ်ကြာ နေထိုင်ခဲ့တဲ့ အီရန်အမျိုးသား ကွယ်လွန်

14-11-2022yyl01.jpg

ပြင်သစ်နိုင်ငံ ပဲရစ်လေဆိပ်မှာ ၁၈ နှစ်ကြာ နေထိုင်ခဲ့တဲ့ အီရန်အမျိုးသား ကွယ်လွန်သွားခဲ့ပါပြီ။ ၁၉၄၅ ခုနှစ်က အီရန်နိုင်ငံ ကူဇီစတန်ပြည်နယ်မှာ အီရန်နိုင်ငံသား ဖခင်နဲ့ ဗြိတိန်နိုင်ငံသူ မိခင်တို့ကနေ မွေးဖွားခဲ့တဲ့ နက်ဆရီဟာ ရှားဘုရင် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ အီရန်နိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ (စုံစမ်းစစ်ဆေးမှုတွေအရတော့ ဒီအချက်က ကွဲလွဲမှုတွေ ရှိနေပါတယ်)။

သူဟာ ဒုက္ခသည်အဖြစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး သူ့အမေကို ရှာဖွေဖို့ ဗြိတိန်နိုင်ငံကို လာချိန်မှာ သူ့ရဲ့လက်ဆွဲအိတ် ခိုးယူခံခဲ့ရပြီး ပြည်ဝင်ခွင့် စာရွက်စာတမ်းတွေ မရှိလို့ ဗြိတိန်၊ နယ်သာလန်၊ ဂျာမနီနိုင်ငံတွေက သူ့ကို ပြည်ဝင်ခွင့်မပေးခဲ့ပါဘူး။ အဲဒီနောက် ပဲရစ်မြို့ကို ရောက်လာခဲ့ပြီး ပဲရစ်လေဆိပ်ရဲ့ 2F Terminal မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာပါ။

နက်ဆရီဟာ လေဆိပ်မှာ အိမ်အဖြစ် နေထိုင်ခဲ့ပြီး အချိန်အများစုမှာ စာရေး၊ စာဖတ်ခြင်းနဲ့ပဲ ကုန်ဆုံးခဲ့တာပါ။ သူ့အကြောင်းကို နိုင်ငံတကာ မီဒီယာတွေက သတိထားမိခဲ့ပြီးနောက်မှာ ဒါရိုက်တာ စတီဖင်စပီးဘတ်က သူ့ဘဝအကြောင်းကို The Terminal ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးခဲ့ပြီးတွမ်ဟန့်ခ်၊ ကက်သရင်းဇီတာဂျုံးစ်တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီရုပ်ရှင်က ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ နက်ဆရီဟာ ပြင်သစ်နိုင်ငံမှာ ဆေးရုံတက်ခဲ့ရပြီး ပြင်သစ်နိုင်ငံမှာ နေထိုင်ခွင့်ရခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့ နေရာဟောင်းဖြစ်တဲ့ လေဆိပ်မှာပဲ ပြန်လည်နေထိုင်ခဲ့တာပါ။

Ref: Iranian who made Paris airport home for 18 years dies

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top