မာ့ခ်ဇူကာဘက် အကောင့်ကို ဖျက်ပစ်မယ့် အစီအစဉ် ဖျက်သိမ်းလိုက်တဲ့ ထိုင်ဝမ် ဟက်ကာ

42925518_2135065899890704_6154735182239760384_n-e1552384853192.jpg

ချိုင်ချီယန်း (Chang Chi-yuan) ဆိုတဲ့ ထိုင်ဝမ်နိုင်ငံသား ဟက်ကာက ဖေ့စ်ဘွတ်ခ် (Facebook) တည်ထောင်သူ မာ့ခ်ဇူကာဘက် (Mark Zuckerberg) ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို တနင်္ဂနွေနေ့မှာ ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ အခု အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ သူကဆိုပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီလောက်က တနင်္ဂနွေနေ့မှာ ဇူကာဘက်ရဲ့ အကောင့်ကို ဖျက်ပစ်မယ်လို့ Live လွှင့်ပြီး ကြေညာခဲ့ပေမဲ့ နယူးယောက်အခြေစိုက် မီဒီယာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘလွန်းဘာ့ဂ် (Bloomberg) ကြောင့် တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရအပြီး သောကြာနေ့မှာပဲ Live ဗီဒီယိုကို ပြန်ဖျက်သွားတာ ဖြစ်ပါတယ်။

ချိုင်ဟာ Follower ပေါင်း ၂၆၀၀၀ လောက်ရှိတဲ့ သူရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်မှာ “လူတွေက ကျွန်တော့်ရဲ့ လုပ်နိုင်စွမ်းကို မေးခွန်းတွေ ထုတ်ချင်နေကြပါပြီ။ ကျွန်တော်ဟာ ကျွန်တော် ဘာလဲဆိုတာ သက်သေပြဖို့အတွက် ဇူကာဘက်ရဲ့ အကောင့်နဲ့ အလုပ်ရှုပ်မနေချင်တော့ဘူး” လို့ ရေးသားထားတာပါ။

ဇူကာဘက်ရဲ့အကောင့်ဟာ ၂၀၁၁ ခုနှစ်ကလည်း အဟက်ခံခဲ့ရဖူးပြီး ဟက်ကာတွေဟာ “Let the hacking begin” ဆိုတဲ့ စာသားကို ရေးသားသွားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း ဖေ့စ်ဘွတ်ခ်ဟာ ဇူကာဘတ်ရဲ့ ကိုယ်ရေးကိုယ်တာ စာတို (Message) တွေကို သူနဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေ ပေါက်ကြားသွားမှာ စိုးရိမ်တာကြောင့် ဖျက်ပစ်ခဲ့ဖူးပါသေးတယ်။

Ref: Business Insider “Taiwanese hacker backs out of plan to livestream deleting Mark Zuckerberg’s Facebook account”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top