ဟားဗတ်ဥပဒေကျောင်းကနေ ဘွဲ့ရခဲ့တဲ့ အမှိုက်ကောက်သမား

1.6.2023-yyl-14.jpg

လေဖြတ်နေတဲ့ ဖခင်ဆေးဖိုး ရဖို့၊ စာသင်မယ့်အချိန် ရဖို့၊ မနက် ၄ နာရီ အိပ်ယာထပြီး အလုပ်လုပ်လေ့ရှိတဲ့ အမှိုက်ကောက်သမားဟာ နာမည်ကျော် ဟားဗတ်ဥပဒေကျောင်းကနေ ဘွဲ့ရသွားပါပြီ။ မျက်ရည်တွေ၊ ချွေးစက်တွေနဲ့ ပေးဆပ်ခဲ့ရတဲ့ ခရီးရှည်ကြီးက အခုတော့ အဆုံးသတ်လှပခဲ့ပြီလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

ရီဟန်စတာတန်ဆိုတဲ့ ချာတိတ်လေးက ကိုယ်ခံပညာရပ် ထူးချွန်ပြီး ဘောက်ဆင်ပြိုင်ပွဲတွေမှာ အနိုင်ယူ ဗိုလ်စွဲခဲ့သူပါ။ ဒါပေမဲ့ ပခုံးဒဏ်ရာကြောင့် ကိုယ်ခံပညာရှင် အိပ်မက်ကို စွန့်လွှတ်ခဲ့ရပြီး သူ့အဖေကလည်း လေဖြတ်သွားလို့ မိသားစု စားဝတ်နေရေးအတွက် အမှိုက်ကောက်သမားအဖြစ် အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ပညာသင်ဖို့ ကောလိပ်ဝင်ခွင့် လျှောက်ခဲ့ပေမဲ့ ဘယ်ကောလိပ်ကမှ သူ့ကို လက်မခံခဲ့ကြပါဘူး။

ဒါပေမဲ့ ဘဝတူ အမှိုက်ကောက်သမားတွေရဲ့ နှစ်သိမ့်အားပေးခဲ့ကြပြီး Bowie State တက္ကသိုလ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့ကြပါတယ်။ ရီဟန်ကလည်း စာကြိုးစားခဲ့ပြီး အမှတ်တွေကောင်းလာလို့ မေရီလန်းပြည်နယ်တက္ကသိုလ်မှာ တက်ရောက်ခွင့် ရခဲ့တာပါ။ သူ့အကြောင်းကို NBC သတင်းဌာနက ရေးသားခဲ့ပြီးနောက်မှာတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး အမေရိကန်သရုပ်ဆောင်မင်းသား တေလာပယ်ရီက သူ့အတွက် ကျောင်းလခ ပေးခဲ့ပါတယ်။ ၂၀၂၀ စာသင်နှစ်မှာတော့ ရီဟန်ဟာ ဟားဗတ်ဥပဒေကျောင်း ဝင်ခွင့်ရခဲ့တာပါ။

ပုံမှန်အားဖြင့် ကျောင်းသား/သူတွေက ကျောင်းစောင့်တွေကို ရင်းရင်းနှီးနှီး စကားပြောလေ့မရှိပေမဲ့ ရီဟန်ကတော့ ကျောင်းစောင့်တွေ၊ ကျောင်းဝန်ထမ်းတွေ အားလုံးကို ရင်းနှီးနွေးထွေးစွာ ပြောဆိုနှုတ်ဆက်ပြီး သူတို့ရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းစောင့်တွေ၊ ကျောင်းဝန်ထမ်းတွေကို အသိအမှတ်ပြု ဂုဏ်ပြုဖို့အတွက် Reciprocity Effect အဖွဲ့ကို တည်ထောင်ခဲ့ပြီး ကျောင်းစောင့်တွေ၊ ကျောင်းဝန်ထမ်းတွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးခဲ့ပါတယ်။
ရီဟန်က အသက် ၂၁ နှစ်အရွယ်ပဲ ရှိသေးပြီး နယူးယော့ခ်မြို့မှ ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်ရသွားပါပြီ။

Ref: After Years of Walking at 4am to Haul Trash, He Graduated From Harvard Law School

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top