အန္တာတိကတိုက်တခွင် မိုင်ပေါင်း ၁၁၀၀ ကျော် တစ်ကိုယ်တော်ခြေလျင်ခရီးနှင်နေသူ

18-11-2022yyl13.jpg

ဗြိတိန်လူမျိုးအမျိုးသမီးတစ်ဦးဟာ တစ်ကိုယ်တော်ခြေလျင်ခရီးနှင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာဖို့ မျှော်လင့်ရင်း အန္တာတိကတိုက်တစ်ခွင် မိုင် ၁၁၀၀ ကျော် ခရီးကို စတင်နေပါပြီ။ အသက် ၃၂ နှစ်အရွယ် ပရီဒ် ချန်ဒီဆိုတဲ့ အဲဒီအမျိုးသမီးက ဒီခရီးစဉ်ကို မကြာသေးခင်ကမှ စတင်ခဲ့တာပါ။ ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာကို အခြားသူတွေ ယုံကြည်လာအောင် ကူညီဖို့တဲ့အတွက် ဒီခရီးမှာ သူနဲ့အတူ အခြားသူတွေကို ခေါ်ဆောင်သွားချင်ပါတယ်တဲ့။

အခုနှစ်အစောပိုင်းမှာ စစ်တပ်အရာရှိတစ်ဦးလည်းဖြစ်တဲ့ ပရီဒ်က တောင်ဝင်ရိုးစွန်းကို တစ်ကိုယ်တော်ခရီးနှင်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ခဲ့ပါတယ်။ မိုင်ပေါင်း ၇၀၀ ခရီးကို ရက်ပေါင်း ၇၄၀ ကြာခဲ့ပါတယ်။ လက်ရှိခရီးစဉ်က ၇၅ ရက်ခန့်ကြာမြင့်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ (သို့) ဖေဖော်ဝါရီမှာ ခရီးစဉ်ပြီးဆုံးဖို့ ပရီဒ်ခန့်မှန်းထားပါတယ်။

တနင်္လာနေ့က ပရီဒ်ဟာ သူ့ခရီးစဉ်ရဲ့ဒုတိယရက်အကြောင်း တင်ပေးခဲ့ပါတယ်။ အခုအချိန်က ပြီးခဲ့တဲ့နှစ်ခရီးစဉ်စတင်တဲ့အချိန်ကထက် ပိုအေးတယ်။ ပိုလေထန်တယ်လို့ သူက ဆိုပါတယ်။ ဒီခရီးစဉ်က အနာဂတ်မျိုးဆက်သစ်တွေကို သူတို့ဆန္ဒရှိတဲ့အတိုင်း အကောင်အထည်ဖော်အောင် လှုံ့ဆော်ပေးဖို့နဲ့ အခြားသူတွေကို သူတို့ရဲ့လုပ်နိုင်စွမ်းအကန့်အသတ်ကို တွန်းထုတ်ပြီး လုပ်နိုင်သမျှ အကုန်လုပ်အောင် တွန်းအားပေးဖို့ ရည်ရွယ်ပါတယ်။

ပရီဒ် တွန်းအားပေးချင်တဲ့လူတွေထဲကတစ်ယောက်က သူ့ရဲ့တူမလေးပါပဲ။ သူက”ဘယ်အရာမှမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ကျွန်မကို စံပြပုဂ္ဂိုလ်ဖြစ်စေမယ့် ကောင်းတဲ့အရာတစ်ခုခုကို ရနိုင်တယ်ဆိုတဲ့ အတွေးမျိုးအမြဲရှိခဲ့တယ်။ ကျွန်မရဲ့အသက် ၁၁ နှစ်အရွယ်တူမလေးကို ကန့်သတ်ချက်တွေမပါဘဲ ဘဝမှာ လုပ်နိုင်တဲ့အရာတွေက အဆုံးမရှိဘူးဆိုတာကို သိပြီး ကြီးပြင်းစေချင်တယ်”တဲ့။

ပရီဒ်က သူ့ခရီးစဉ်ပြီးမြောက်သွားမယ်ဆိုရင် ဘာအထောက်အပံ့ပစ္စည်းမှမပါဘဲ အန္တာတိကတိုက်တခွင် တစ်ကိုယ်တော်ခြေလျင်ခရီးနှင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာမှာပါ။ ၂၀၁၂ ခုနှစ်က ဗြိတိန်လူမျိုးစူးစမ်းရှာဖွေသူ ဖီလီစတီ အက်စ်တန်က အထောက်အပံ့နဲ့ အန္တာတိကတိုက်တခွင် တစ်ကိုယ်တော်ခရီးနှင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Ref: People “Explorer Begins 1,100-Mile Trek to Become First Woman to Finish Solo, Unsupported Crossing of Antarctica”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top