ဘရာဇီးနိုင်ငံရဲ့ အမေဇုန်ဒေသမှာ ကိုဗစ်ကြောင့်သေဆုံးသူများပြီး အခေါင်းရှားနေလို့ တွင်းကြီးတွေတူးပြီး မြေမြှုပ်နေရ

17-7-2020-yyl-006.jpg

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူ ၇၄၀၀၀ ကျော် ရှိလာခဲ့တယ်လို့ တရားဝင်ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံစားရတဲ့နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမဲ့ ရောဂါစစ်ဆေးမှုပမာဏ နည်းပါးတဲ့အတွက် အမှန်တကယ် ကူးစက်ခံရသူပမာဏက ပိုများဖွယ်ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။

အမေဇုန်ဒေသဟာ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ရပြီး အခေါင်းတွေ ပြတ်လပ်သွားနိုင်တဲ့ အခြေအနေရှိနေတယ်လို့ အရာရှိတွေက သတိပေးထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေ မြင့်တက်လာလို့ တွင်းကြီးတွေတူးပြီး မြေမြှုပ်သဂြိုဟ်နေရပါတယ်။ အမေဇုန်ဒေသရဲ့ ဆင်းရဲမွဲတေမှု၊ အာဟာရပြတ်လပ်မှုတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရန် ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို သာမန်တုပ်ကွေးရောဂါလောက်ပဲ သဘောထားတယ်လို့ ပြောခဲ့တဲ့ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top