ဗီယက်နမ်က လှပတဲ့ကမ်းခြေမှာ အပန်းဖြေဖို့အတွက် Vietjet နဲ့အတူ ၀ ကျပ်မှ စတင်အသုံးပြုပြီး ပျံသန်းလိုက်ပါ

yyl-002.jpg

ဗီယက်နမ် နိုင်ငံဟာ မိုင် ၂ ထောင်ကျော်ရှည်တဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတာကြောင့် ပင်လယ် ကမ်းခြေ တွေကို ချစ်မြတ်နိုးသူတွေ အတွက်တော့ သိပ်ကို ပျော်စရာကောင်းတဲ့ နေရာ တစ်ခုပါပဲ။

ပြာလဲ့ကြည်လင်တဲ့ ပင်လယ်ရေတွေ၊ ညက်ညောတဲ့ သဲသောင်ပြင်ပေါ်ကျရောက်နေတဲ့ လှပလွန်းတဲ့ အုန်းပင် အရိပ်တွေ ရှိပြီး  မယုံနိုင်အောင် လှပတဲ့ ကမ်းခြေတွေ များစွာ ဗီယက်နမ် မှာ ရှိပါတယ်။ CNN.com ရဲ့ အဆင့် သတ်မှတ်မှု အရ ကမ္ဘာ့အကောင်းဆုံး ကမ်းခြေတွေထဲက အပါအဝင်ဖြစ်တဲ့ အသက်ရှူမှားစရာလှပတဲ့ ကမ်းခြေတချို့ ကိုလှမ်းကြည့် လိုက်ကြအောင်။

Phu Quoc ကမ်းခြေ – ရှည်လျားတဲ့ သဲသောင်ကမ်းစပ်ရှိတဲ့ Phu Quoc ဟာဆိုရင် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်ကမ်းခြေတွေထဲကတစ်ခုပါ။ CNN ရဲ့ ထုတ်ပြန်မှုမှာ ပါဝင်တဲ့ ဒီကမ်းခြေမှာ စိမ်းလဲ့ကြည်လင်တဲ့ ပင်လယ်ပြင်နဲ့ လှပတဲ့ နေဝင်ချိန်တွေ ကို မြင်တွေ့နိုင်ပြီး လှပတဲ့ အမြဲစိမ်းသစ်တော တွေနဲ့နီးစပ်ပါတယ်။ Phu Quoc ကျွန်းမှာ ညက်ညော ဖြူစင်တဲ့ သဲသောင်ပြင် ရှိပြီး အကောင်း ဆုံး ဧည့်ဝတ်ပျူငှာမှု တွေ ဈေးသက်သာတဲ့ နေစရာနေရာတွေ များစွာရှိပါတယ်။ နွေးထွေးတဲ့ စိမ်းပြာရောင် ပင်လယ်ရေ တွေ နဲ့ ချောမွေ့တဲ့ သဲသောင်ပြင် တွေ ကိုယ့် ခြေထောက်အောက်မှာ ရှိနေတဲ့ အရမ်းလှတဲ့ ကမ်းခြေပေါ်မှာ စိတ်လွတ်ကိုယ်လွတ် အနားယူနေတယ်လို့ စိတ်ကူးကြည့်လိုက်ရုံနဲ့တင် သိပ်ကိုပျော်စရာကောင်းနေမှာပါ။

Mui Ne  ကမ်းခြေ – တောင်ပိုင်းမှာ ရှိတဲ့ Mui Ne ဟာ ဗီယက်နမ် နိုင်ငံမှာ နေထွက်တဲ့ကာလအရှည်ဆုံး နေရာဖြစ်ပြီး တစ်နှစ်ပတ်လုံး နေရောင်ခြည်ကို ထိတွေ့နိုင်တဲ့ နေရာဖြစ်ပါတယ်။ Mui Ne ဟာ လှပတဲ့ ကမ်းခြေနဲ့ သဲသောင်တွေ ရှိပါတယ်။ ကမ္ဘာ့အဆင့် windsurfing နဲ့ kite surfing လုပ်တဲ့နေရာတစ်ခု လည်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့နဲ့ နီးတာကြောင့် ဗီယက်နမ် နိုင်ငံသားတွေ နဲ့ ကမ္ဘာလှည့် ခရီးသည်တွေ မြို့ကြီးကနေ ခဏထွက်ခွာပြီး ပျော်ရွှင်စွာ အပန်းဖြေနေကျ နေရာတစ်ခုပါပဲ။

Nha Trang ကမ်းခြေ – Nha Trang ဟာ ဗီယက်နမ်ရဲ့ ပင်လယ်ကမ်းခြေဒေသလို့ သတ်မှတ်ထားတဲ့ဒေသဖြစ်ပါတယ်။  ဖြူဖွေးသန့်စင်တဲ့ သဲသောင်တွေ၊ ပြာလဲ့ ကြည်လင်တဲ့ ရေလှိုင်းတွေ၊ စိမ်းလန်းတဲ့ တောင်တန်းတွေ၊ တစ်ဖက်မှ တစ်ဖက် ဝေ့ယမ်းနေတဲ့ အုန်းပင်တွေ၊ အရသာပြည့်ဝတဲ့ ပင်လယ်စာ အစားအစာတွေ နဲ့ သက်ဝင်တဲ့ nightlife တွေရှိပါတယ်။ Scuba diving (ရေငုပ်ခြင်း) ကို ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး သင်္ဘောပေါ်မှာ ပြုလုပ်တဲ့ ပါတီ အလန်းစားတွေ ရှိတဲ့ အတွက်ကြောင့်လည်း လူကြိုက်များပါတယ်။ သင်္ဘောနဲ့ လည်ပတ်တာက Nha Trang ကမ္ဘာလှည့် ခရီးသည်တွေရဲ့ နံပါတ်တစ် အကြိုက်ဆုံး အစီအစဉ်ပါ။

Ha Long ကမ်းခြေ – နာမည်အကြီးဆုံး ကမ်းခြေတွေက နိုင်ငံရဲ့တောင်ပိုင်းမှာ ရှိပေမယ့် လှပတဲ့ ကမ်းခြေတွေကို မြောက်ပိုင်းမှာ လည်းတွေ့နိုင်ပါတယ်။ ပင်လယ်ထဲက ထိုးထွက်နေတဲ့ ထုံးကျောက်ဖွဲ့စည်းမှု တွေ၊ လှပတဲ့ နေဝင်ချိန်တွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက် boat trip တွေကြောင့် Halong Bay ဟာပိုမိုကျော်ကြားပါတယ်။ Halong Bay မှာ အသက်ရှူမှားနိုင်ဖွယ် လှပတဲ့ ကမ်းခြေအသေးလေးတွေလဲ ရှိပါသေးတယ်။

Vietjet နဲ့ အတူ သုည ကျပ်မှ စတင်အသုံးပြုပျံသန်းပြီး နေသာတဲ့ ကမ်းခြေ က ပင်လယ်ပြင်ကြီးဆီကို အပြေးသွားလိုက်ပါ

Vietjet ရဲ့ 3D Summer  အရောင်းမြှင့်တင်ရေးအစီအစဉ်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီတစ်ချိန်မှာ တော့ ၂၀၁၆ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အတွင်း ဈေးအသက်သာဆုံး super saving လေယာဉ်လက်မှတ်တွေကို မြန်မာငွေ ၀ ကျပ်မှနေ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒီအရောင်းမြှင့်တင်ရေးမှာ ဗီယက်နမ် နိုင်ငံပြည်တွင်း ခရီးစဉ်တွေနဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ ခရီးစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။ ခရီးစဉ် အချိန်ကတော့ ဩဂုတ်လ ၁၅ ရက်မှ ဒီဇင်ဘာလ ၂၀၁၆ အထိဖြစ်ပါတယ်။ (ပိတ်ရက်များမပါ)

လက်ရှိအရောင်းမြှင့်တင်ရေးကာလအတွင်း Vietjet နဲ အတူ ပျံသန်းကြတဲ့ ခရီးသည်တွေအနေနဲ့ စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေနဲ့ ခရီးစဉ်အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်။  လေဆိပ်တွေမှာ 3D နည်းပညာသုံး ဂိမ်းတွေ၊ အမှတ်တရလက်ဆောင်ပေးခြင်းတွေ၊ ပျံသန်းချိန်အတွင်း ဖျော်ဖြေမှုတွေ နဲ့ 3D ဓာတ်ပုံပြိုင်ပွဲတွေအစရှိတဲ့ အစီအစဉ်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။  

Vietjet နဲ့အတူ Vietnam ကို အမြန်ဆုံး ပျံသန်းပြီး ကိုယ့် အတွက် အကောင်းဆုံး အပန်းဖြေခရီးတစ်ခုကို စီစဉ်လိုက်ပါ။ မိုးရာသီမှာ ရက်အနည်းငယ်ခန့် အနားယူပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့ အတူ မေ့မရနိုင်တဲ့ ဈေးဝယ် ခရီးစဉ်ကို စီစဉ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ခံစားလိုက်ပါ။ Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။ www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar (Booking tab ကို နှိပ်လိုက်ရုံသာ) ကို ၂၀၁၆ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အတွင်း ၁၁ း ၀၀ မှာ ၁ း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။

မြန်မာနိုင်ငံ မှ ခရီးသွားများအနေဖြင့် Hotline: 09 789 323 828 သို့ ဆက်သွယ်ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 တွင်ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်လည်း ဝယ်ယူနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top