ကျိုက်မှော်ဝန်း – ရေလည်ဘုရား – ခေါ် – ကျောက်တန်းရေလည်ဘုရား

kyauktan-yaylal-pagoda-02.jpg

ကျိုက်မှော်ဝန်း – ရေလည်ဘုရားသည် ရန်ကုန်တိုင်း တောင်ဘက်ခြမ်း၊ သန်လျင်မြစ် တစ်ဖက်ကမ်း၊ ကျောက်တန်းမြို့ ရှိ မှော်ဝန်းချောင်းတွင် တည်ရှိပါတယ်။

မူလဘုရားတည်သူ ဒကာမှာ သာသနာနှစ် ၂၁၅ ခုတွင် ပါဒနိုင်ငံတော်ကို စတင်တည်ထောင် နန်းတည်ခဲ့သော ဘောဂသေနမင်း ဖြစ်ပါတယ်။ သာသနာသက္ကရာဇ် ၂၃၈ ခုတွင် ဘောဂသေနမင်းသည် ဆရာရသေ့ ပေးအပ်လာသော မြတ်စွာဘုရား၏ ဆံတော် နှင့် ဓာတ်တော်များကို ဌာပနာပြီး ဉာဏ်တောင်၇တောင် မြင့်သော ကျိုက်မျှော်ကဋော့စေတီကို တည်တော်မူပါတယ်။

ဘောဂသေနမင်း လွန်ပြီး ၁ဝဆက်မြောက် ဘုရင်ဖြစ်သော တွတ္တနာဂမင်းကြီးလက်ထက်တွင် သိရိလင်္ကာမှ ဓမ္မလက်ဆောင်အဖြစ် ရခဲ့သော ဆံတော်တစ်ဆူ နှင့် ဓာတ်တော် ၂၇ဆူကို ရွှေကြုတ်၊ ငွေကြုတ်တို့ဖြင့် ထည့်ပြီး သိရိလင်္ကာမှ ရဟန္တာရှစ်ပါး၏ ဩဝါဒဖြင့် ကျိုက်မျှော်ကဋော့စေတီတွင် ထည့်သွင်းဌာပနာခဲ့ပါတယ်။ မူလစေတီကို ပြုပြင်ပြီ အဓိဌာန် ၃ချက်ပြုခဲ့ပါတယ်။ စေတီ၏ရင်ပြင်တော်ကို ရေမလွှမ်းနိုင်ပါစေ၊ ဘုရားဖူး ရဟန်းရှင်လူ လာသလောက် ရင်ပြင်ပေါ်တွင် နေလောက်ပါစေ နှင့် စေတီကို ပြုပြင် လှူဒါန်းသူတို့သည် ပစ္စုပ္ပန်၌ပင် လောကီစီးပွား တိုးတက်ပါစေ တို့ဖြစ်ပါတယ်။

ကောဇာသက္ကရာဇ် ၁၂၇၁ (ခရစ်နှစ် ၁၉၁၀) တွင် ဒေါ်ဒေါ်သက်သည် ကျိုက်မှော်ဝန်းချောင်း ရေလယ်တွင်ရှိသော ကုန်းတော်ပေါ်သို့ ရောက်ရှိလာကာ စေတီပျက်ကို တွေ့ရှိရပါတယ်။ ဉာဏ်တော် ၇တောင်မြင့်သော စေတီပျက်ကို ငုံပြီး ဉာဏ်တော် ၃၄တောင်၊ မုဋ်၄ဆင့်ပါသော စေတီကို တည်တော်မူခဲ့ပါတယ်။ စေတီ၏ ဘွဲ့တော်ကိုလည်း ကျိုက်မျှောကဋော့မှ ကျိုက်မှော်ဝန်းရေလယ်စေတီ ဟု ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ ယနေ့တွင်မူ ကျောက်တန်းရေလယ်ဘုရား ဟူ၍ လူသိပိုများကြောင်း မျှဝေလိုက်ပါတယ်။

ဆုတောင်းပြည့် ငါးစပ်ဘုရား
မဟာသက္ကရာဇ် ၁၂၁၈ခုတွင် ကျောက်တန်းမြို့ မင်္ဂလွန်းကျေးရွာအရှေ့ ဘုန်းကြီးကျောင်းတွင် ကိုးကွယ်ပြီး ၁၃၀၀ ပြည့်နှစ်မှစကာ ကျိုက်မှော်ဝန်းရေလယ်ကုန်းတော်ပေါ်သို့ ပြောင်းရွှေ့ကိန်းဝပ်သည်။

ဆုတောင်းပြည့် ငါးစပ်ဘုရားဆောင်းတန်းရှိ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ

ပျူခေတ်နှောင်းကာလ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ

ရှင်ဥပဂုတ္တမထေရ်

ရှင်သီဝလိမထေရ်

ဆံတော်နှင့်ဓာတ်တော် ပင့်ဆောင်လာသော ရဟန္တာမထေရ်

ဘောဂသေနမင်း

နောင်တော်ဒေဝယက္ခ

ညီတော်ဒေဝယက္ခ

ကျိုက်မှော်ဝန်းချောင်းအတွင်းမှ ငါးတန်ကြီးများ

Stacy Chan (ရိုးရာလေး)
www.yoyarlay.com
‪#‎stacy_yyl‬
‪#‎tourism_yyl‬, ‪#‎religious_yyl‬

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top