တောက်ပြောင် လှပတဲ့လက်သည်းလေးတွေ ဖြစ်အောင် ဘယ်လိုဂရုစိုက် ထိန်းသိမ်းကြမလဲ

yyl-31-042.jpg

လက်သည်းကို ဂရုစိုက်ထိန်းသိမ်းခြင်းကလည်း တစ်နေ့တာအလှအပ ထိန်းသိမ်းခြင်းမှာ တစ်စိတ်တပိုင်းအနေနဲ့ ပါဝင်သင့်ပါတယ်။ ပျိုမေတွေက လက်သည်းတွေကို ဂရုစိုက်ထိန်းသိမ်းဖို့ မေ့လျော့တတ်ကြပါတယ်။ လက်သည်းတွေကို ဂရုမစိုက်ဘဲ လက်သည်းနီ ချက်ချင်း ဆိုးပစ်တာမျိုးတွေရှိပါတယ်။ လက်သည်းနီကြောင့် လက်သည်းပျက်စီးမှုတွေ မဖြစ်အောင် လက်သည်းတွေ တောက်ပြောင် လှပဖို့အတွက် ဂရုစိုက်ပေးသင့်ပါတယ်။ အလှအပ ကျွမ်းကျင်သူတွေ လက်သည်းနဲ့ပတ်သက်ပြီး အကြံပြုပြောပြပေးထားတဲ့ လက်သည်းထိန်းသိမ်းနည်းတွေကို ပျိုမေတွေသိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေးကောင်းတဲ့လက်သည်းဖြစ်မဖြစ် စစ်ဆေးပါ

သင့်လက်သည်းတွေက ကျန်းမာသန်စွမ်းတယ်ဆိုတာကို ညွှန်ပြနေတဲ့လက္ခဏာရပ်ကို သတိထားပြီးကြည့်ပါ။ လက်သည်းရဲ့အရောင်က ပန်းရောင်သမ်းမသမ်း၊ လက်သည်းပန်းကုံး ပါမပါသေချာအောင် စစ်ဆေးကြည့်သင့်ပါတယ်။ ညီညွှတ်မျှတစွာ စားသောက်မယ်ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိမယ်ဆိုရင် ကျန်းမာသန်စွမ်းပြီးလှပတဲ့ လက်သည်းတွေကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

လိုက်နာရမယ့်နည်းလမ်းတွေက

လက်တွေကို သန့်ရှင်းအောင်ထားပါ

လက်သည်းနဲ့ အရေပြားတစ်ဝိုက်မှာ အညစ်အကြေးတွေမရှိဖို့ အရေးကြီးပါတယ်။ လက်သည်းနီဖျက်တဲ့အခါ အက်စီတုန်မပါတဲ့ လက်သည်းဖျက်ဆေးကို အသုံးပြုပါ။ ဆပ်ပြာသုံးပြီး လက်သည်းနဲ့အရေပြားတွေကို ဖြည်းဖြည်းသာသာလေး ပွတ်တိုက်ပေးပါ။ ဒါက ဖုန်မှုန့်တွေကို ဖယ်ရှားပေးပြီး ဓာတုပစ္စည်းတွေကြောင့် ခြောက်သွေ့နေတဲ့ အသားရေကိုလည်း စိုပြေလာစေမှာပါ။

ပုံမှန် လက်သည်းတိပေးပါ

လက်သည်းတွေကို အနည်းဆုံး နှစ်ပတ် (၁) ကြိမ်လောက် ညှိပေး၊ တိပေးသင့်ပါတယ်။ ပန်းကုံးတွေကိုတော့ ညှစ်မပေးသင့်ပါဘူး။ ဒါက လက်သည်းအရင်ဖြစ်တဲ့ အတွက်ကြောင့်ပါ။ အဲဒါပျက်စီးသွားရင် လက်သည်းတွေက ရောဂါပိုးမွှား ကူးစက်စေနိုင်ပါတယ်။ တစ်ပတ် (၁) ခါလောက် သစ်သားချောင်းလေးနဲ့ ပန်းကုံးကို ဖြည်းဖြည်းသာသာလေး နောက်ကိုတွန်းပို့ပေးပြီး လိုရှင်းလိမ်းပေးပါ။

လက်သည်းတွေကို အစိုဓာတ်ထိန်းပေးပါ

လက်သည်းနီးဆိုးတဲ့အခါတိုင်း အမြဲတမ်း base coat ကို အရင်ဆုံးဆိုးပေးပါ။ Base coat က လက်သည်းနီကို ပိုပြီးကြည့်ကောင်းအောင် ကူညီပေးသလို လက်သည်းနီကြောင့် အစွန်းအထင်းဖြစ်ခြင်းကနေ လက်သည်းကို ကာကွယ်ပေးပါတယ်။လက်သည်းအရောင် တမ်းမပျက်ဖို့အတွက် top coat ကိုအသုံးပြုပေးပါ။ ရေဓာတ်ရဖို့နဲ့ သွေးလည်ပတ်မှုကောင်းဖို့အတွက် ညဘက်မှာ လက်သည်းတွေကို အယ်လ်မွန်ဆီ လိမ်းပေးသင့်ပါတယ်။

ကောင်းတဲ့လက်သည်းနီကို အသုံးပြုပါ

အမြဲတမ်း လက်သည်းနီ ကောင်းကောင်းကို အသုံးပြုပေးပါ။ တချို့လက်သည်းနီတွေက လက်သည်းကို ကွဲအပ်စေတဲ့၊ ကျိုးပဲ့စေတဲ့ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။

အိမ်မှုကိစ္စလုပ်တဲ့အခါ လက်အိတ်ဝတ်ပါ

သင့်လက်တွေကို ညစ်ပတ်စေနိုင်မယ့် အလုပ်တွေလုပ်တဲ့အခါ ပန်းကန်ဆေးတာလို အိမ်မှုကိစ္စတွေလုပ်တဲ့အခါ ရာဘာလက်အိတ်၊ ပလတ်စတစ်လက် အိတ်တွေကို ဝတ်ဆင်ပေးပါ။ လက်အိတ်မပါဘဲ အိမ်မှုကိစ္စတွေကို လုပ်ကိုင်တာက လက်သည်းတွေကို ခြောက်သွေ့စေပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်အောင် စားပါ

ညီညွှတ်မျှတစွာ စားသုံးတာက ကျန်းမာသန်စွမ်းတဲ့ လက်သည်းဖြစ်အောင် ထိန်းသိမ်းဖို့အတွက် အရေးကြီးပါတယ်။ အိုမီကာ ၃ နဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားစာတွေက အကူအညီဖြစ်စေပါတယ်။ ဗီတာမင်ဘီဓာတ်ပါတဲ့ အစားအစာတွေကို စားတာက လက်သည်းကျိုးပဲ့တာကို လျော့ချပေးတဲ့အပြင် ကယ်စီယမ်ဓာတ်က လက်သည်းတွေကို သန်မာစေသလို ဗီတာမင် အေနဲ့စီက ခြောက်သွေ့၊ ညစ်ညမ်းမှုကို ကာကွယ်ပေးပါတယ်။ ရေဓာတ်ပြည့်ဝနေဖို့ဆိုရင် ရေများများသောက် ပေးသင့်ပါတယ်။
Ref: How to care for your nails

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top