ချမ်းအေးလှတဲ့ရာသီမှာ အသားရေအတွက် လိုက်နာသင့်အချက်များ

yyl-034-7.jpg

အေးစိမ့်စိမ့်နဲ့ ချမ်းအေးလှတဲ့ရာသီက ကျွန်မတို့ရဲ့အသားရေကို ခြောက်သွေ့မွဲခြောက်တာတွေ ဖြစ်စေပါတယ်။ ဘယ်သူ့မှ အဲဒီလိုအသားရေမျိုးကို မလိုချင်ကြပါဘူး။ ရာသီအပြောင်းအလဲဖြစ်တာနဲ့ ကျွန်မတို့ရဲ့အသားရေကို အထူးဂရုစိုက်ဖို့ လိုလာပါတယ်။ အေးစိမ့်လှတဲ့ရာသီမှာ ရေဓာတ်ကုန်ခန်းခြင်းတွေ ဖြစ်လာပြီး အသားရေကြည်လင် စိုပြေခြင်း မရှိတော့ဘဲ အက်ကွဲလာရပါတယ်။ ဒီလိုအသားရေ ပြဿနာမျိုးတွေ မဖြစ်အောင် လိုက်နာသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီအချက်တွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

– ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေကို များများစားသုံးပေးပါ။ လတ်ဆတ်တဲ့ သစ်သီးတွေက သင့်အသားရေကို ကျန်းမာလာစေပါတယ်။ ရာသီပေါ်အသီးတွေကို စားရင်ပိုကောင်းပါတယ်။ အဲဒီအသီးတွေက ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

– ဆောင်းရာသီမှာဆိုရင် လူတော်တော်များများက ရေသောက်ဖို့ကို မေ့နေတတ်ကြပါတယ်။ နွေရာသီလိုမျိုး ဆောင်းရာသီမှာလည်း ရေဓာတ်ပြည့်ဝနေဖို့အတွက် ရေများများသောက်ဖို့ အရေးကြီးပါတယ်။ ရေက သင့်အသားရေကို နုပျိုစေပြီး အသားရေ နူးညံ့အောင်လည်း ကူညီပေးနိုင်ပါတယ်။

– အသားရေထိန်းသိမ်းဖို့ဆိုရင် moisturiser တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ မှန်မှန်ကန်ကန် စားသောက်တာအပြင် အသားရေက အာဟာရဖြည့်စွက်မှုကို အထူးလိုအပ်ပါတယ်။ နူးညံ့ပြီး အာဟာရပြည့်ဝတဲ့ အသားရေဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းက အိပ်ရာမဝင်ခင် အသားရေကို ရေဓာတ်ဖြည့်ပေးဖို့ပါပဲ။ သင့်မျက်နှာ၊ နှုတ်ခမ်း၊ လက်နဲ့ခြေထောက်တို့ကို လုပ်ပေးလို့ရပါတယ်။

– ခြောက်သွေ့တဲ့အသားရေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေက ဆောင်းရာသီမှာ အသားရေကွာကျ တတ်ပါတယ်။ အသားရေရဲ့ ဆဲလ်အသေတွေကို ဖယ်ရှားဖို့နဲ့ သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက် မျက်နှာကို ဖြည်းဖြည်းသာသာလေး scrub လုပ်ပေးသင့်ပါတယ်။

Ref: Follow these skin rules for great skin this winter

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top