ငွေကြေးခက်ခဲတဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်း အထုတ် (၁) သောင်း ကျော်လှူဒါန်းခဲ့တဲ့ မင်းသား အန်ဘိုဟွန်း

26-5-2022-yyl-49.jpg

ကိုရီးယားမင်းသားချော အန်ဘိုဟွန်းက မေလ ၂၈ ရက်နေ့ကျရောက်မယ့် Menstrual Hygiene Day (အမျိုးသမီးများရာသီလာခြင်းနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးနေ့) ကို ဂုဏ်ပြုတဲ့အနေနဲ့ လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

မေလ ၂၇ ရက်နေ့မှာ အစိုးရမဟုတ်သောအဖွဲ့အစည်း G Foundation က မင်းသား အန်ဘိုဟွန်းဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် အမျိုးသမီးတစ်ကိုယ်ရေသန့်ရှင်းရေးထုတ်ကုန်တွေ မတတ်နိုင်တဲ့ အမျိုးသမီးတွေနဲ့ ငယ်ရွယ်တဲ့မိန်းကလေးတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း အထုတ်ပေါင်း (၁၂,၆၇၂) ထုတ် လှူဒါန်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီအထုတ်တွေက ခန့်မှန်းခြေ အမျိုးသမီး ၁၀၆၀ ဉီးကို ထောက်ပံ့ပေးဖို့အတွက် အနည်းဆုံး ၆ လလောက် လုံလောက်တယ်လို့ သိရပါတယ်။

“လူတော်တော်များများဆီက ရရှိထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်တော် ဝေမျှချင်ခဲ့တယ်။ အနာဂတ်မှာ ကျွန်တော်က ခွဲခြားဆက်ဆံခံရတဲ့အိမ်နီးချင်းတွေအပေါ် ဆက်လက် အာရုံစိုက်ပြီး ချစ်ခြင်းမေတ္တာတွေ ဝေမျှသွားမယ်။ ဒါမှ လူအများကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးမယ့် မင်းသားတစ်ယောက်ဖြစ်လာနိုင်မှာပါ”လို့ မင်းသား အန်ဘိုဟွန်းက ဒီလှူဒါန်းမှုနဲ့ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။

လက်တလောမှာ မင်းသား အန်ဘိုဟွန်းက Girls’ Generation အဖွဲ့ဝင် ယွန်နာနဲ့အတူ “2O’Clock Date” ရိုမန့်ဟာသရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပါတယ်။

Ref: Soompi “Ahn Bo Hyun Makes Generous Donation To Help Women In Need”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top