ဆီးရီးယား အစိုးရတပ်ဖွဲ့တွေ နဲ့ IS စစ်သွေးကြွအဖွဲ့တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်

syria-rebel-forces-isis.jpg

ဆီးရီးယားနိုင်ငံ ဒမပ်စကက်မြို့တောင်ပိုင်းမှာ ဧပြီ ၂၈ ရက်နေ့က ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ ၎င်းရဲ့မဟာမိတ်အဖွဲ့တွေဟာ IS စစ်သွေးကြွအဖွဲ့တွေ နဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့သိရပါတယ်။ စစ်ပွဲကို စောင့်ကြည့်လေ့လာသူတစ်ဦးက တိုက်ပွဲအတွင်း အမြှောက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှု၊ အပြင် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ဆီးရီးယားအစိုးရတပ်ဖွဲ့တွေ အခွင့်ရေး အသာရနေတယ်လို့ နိုင်ငံပိုင် ရုပ်သံက ဖော်ပြခဲ့ပါတယ်။ လူအခွင့်ရေး လေ့လာစောင့်ကြည်သူတွေက ဆီးရီးယား အစိုးရတပ်ဖွဲ့တွေဟာ အဆောက်ဦးအများအပြားကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဆီးရီးယားသမ္မတ အာဆက်ဒ့်က ဒမပ်စကက်မြို့တောင်ပိုင်းအနီးကို အခိုင်အမာခြေကုပ်ရယူထားတဲ့သူပုန်အဖွဲ့တွေဟာ တိုက်ပွဲတွေအတွင်း ရှုံးနိမ့်သွားကြောင်း၊ ဆီးရီးယားမြို့တော်အနီး လမ်းတွေထဲမှ ခုခံတိုက်ခိုက်မှုတွေကို အဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ အခုလအစောပိုင်းကပြောခဲ့ပါတယ်။

IS အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တည်းက ဆီးရီးယားနိုင်ငံအတွင်း သူတို့ထိန်းချုပ်ထားတဲ့ နေရာအများပြားကို ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ IS အဖွဲ့ဟာ ရုရှား ၊အီရန် ကျောထောက်နောက်ခံလုပ်ထားတဲ့ ဆီးရီးယား တပ်ဖွဲ့တွေအပြင် အမေရိကန်က ထောက်ပံပေးထားတဲ့ ကာဒ့် နဲ့ အာရပ် ပြည်သူစစ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ ရုရှားနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ ဆီးရီးယား ပြည်တွင်းစစ်ထဲကို ဝင်ရောက်ခဲ့ပြီး သူပုန်တွေကို သုတ်သင်ကာ အောင်ပွဲတွေရယူနိုင်ဖို့ ဆီးရီးယားသမ္မတ အာဆက်ဒ်ရဲ့ အဖွဲ့တွေကို ကူညီပေးခဲ့မှုတွေ လုပ်ခဲ့ပါတယ်။

သူပုန်အဖွဲ့တွေဟာ ဆီးရီးယား အနောက်တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရောဗ့်က အီရန်၊ တူရကီနိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေဆုံဆွေးနွေးပြီးတဲ့နောက် ဆီးရီးယားနိုင်ငံအတွင်းမှာ IS အဖွဲ့ ထိန်းချုပ်ထားတဲ့ ပိုင်နက်တွေကို ပြန်လည်ရယူနိုင်ဖို့ ဆီးရီးယားအစိုးရကို အကူညီပေးဖို့ လိုအပ့်ကြောင်း ပြောခဲ့ပါတယ်။ တူရကီ နိုင်ငံခြားရေးဝန်ကြီး ကာဗူဆော့လူက စစ်ရေးနည်းနဲ့ ဖြေရှင်းတာဟာ တရားမဝင်တာကြောင့် ဆီးရီးယားနိုင်ငံမှာ တရားဝင် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ ရုရှား၊ အီရန်၊ တူရကီတို့အနေနဲ့ ကုလသမဂ္ဂနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

Ref: Syrian army, Islamic State wage fierce battle in south Damascus

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top