နယူးဇီလန်မှ ပေ ၂၀ အရှည်ရှိ ကမ္ဘာ့အကြီးဆုံးစန္ဒယား

rich1-1024x578.png

နယူးဇီလန်နိုင်ငံ ကန်တာဘူရီတောင်ပိုင်းရှိ တီမာရူမြို့တွင် နေထိုင်တဲ့ စန္ဒယားတည်ဆောက်သူ အန်ဒရီမန်း တည်ဆောက်ထားတဲ့ ၆ မီတာ (ပေ ၂၀ ခန့်) အရှည်ရှိ စန္ဒယားကြီးဟာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်တဲ့အရာတစ်ခု ဖြစ်နေပါတယ်။

ဒီစန္ဒယားကြီးကို တည်ဆောက်ခဲ့သူ အန်ဒရီမန်းဟာ ကျောင်းသားဘဝကတည်းက စန္ဒယားတည်ဆောက်ရာမှာ ဝါသနာကြီးသူတစ်ယောက်ဖြစ်ပြီး အရွယ်ရောက်လာတော့လည်း စန္ဒယား တည်ဆောက်သူအဖြစ်ပဲ အသက်မွေးခဲ့တာ ဖြစ်ပါတယ်။

အလုပ်လုပ်နေစဉ်အတွင်းမှာပဲ အန်ဒရီ ဟာ ဒီစန္ဒယားကို တည်ဆောက်ခဲ့ပြီး အလေးချိန် တစ်တန်ကျော်ရှိကာ သာမန်စန္ဒယားများထက် အသံထွက်အားကောင်းတဲ့ စန္ဒယား ဖြစ်ပါတယ်။

“ဒါဟာ ဧရာမတည်ဆောက်မှု တစ်ခုပါပဲ။ သာမန်ထက်ထူးခြားတဲ့ အလျားကြောင့် ဒီစန္ဒယားဟာ Bass သံ အောအောထွက်ပြီး စန္ဒယားရဲ့ဝိုင်ယာကြိုးတွေက ပေ ၂၀ ကျော်တဲ့အတွက် အသံဩဇာအားကောင်းပါတယ်။ လူတော်တော်များများ ဒီစန္ဒယား ဆီကိုလာပြီး  အစမ်းတီးကြလေ့ရှိပါတယ်။ တလောလေးကပဲ လန်ဒန်က စန္ဒယားပညာရှင်တစ်ယောက် ဒီစန္ဒယားကိုလာပြီး အစမ်းတီးသွားပါသေးတယ်။ သူက ဒီစန္ဒယားဟာ အထူးအဆန်းလုပ်ထားတဲ့ ထွင်လုံးတစ်ခုလို့ပဲ ထင်နေသူပါ။ ဒါပေမဲ့ သူစန္ဒယားတီးပြီးသွားတဲ့အခါမှာတော့ စန္ဒယားရဲ့ အသံအားကို တော်တော်သဘောကျသွားပါတယ်။ ”လို့ အန်ဒရီမန်းက ဆိုပါတယ်။

Ref : Guardian News : world’s largest pianos in New Zealand

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top