ဂျပန်နိုင်ငံမှာ ဂျပန်လူမျိုး သိသိသာသာ လျော့နည်းလာပြီး နိုင်ငံခြားသားဦးရေ စံချိန်တင် မြင့်တက်

26.7.23-yyl-3.jpg

ဂျပန်နိုင်ငံမှာ ဂျပန်လူမျိုး အရေအတွက် သိသိသာသာ ကျဆင်းခဲ့ပြီး နိုင်ငံခြားသား အရေအတွက် စံချိန်တင် မြင့်တက်လာခဲ့တယ်လို့ ဂျပန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၁၄ နှစ်ဆက်တိုက် ဂျပန်လူမျိုး အရေအတွက် ကျဆင်းမှုဖြစ်ပြီး လူဦးရေ ၈ သိန်း လျော့နည်းသွားခဲ့တာပါ။

ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံရဲ့ စီရင်စု ၄၇ ခုလုံးမှာ ဂျပန်လူမျိုး အရေအတွက် လျော့နည်းသွားခဲ့ပြီး ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၁၂၅.၄၁ သန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၀၈ ခုနှစ်မှာ အမြင့်ဆုံး ရောက်ခဲ့ပြီး အဲဒီနောက်ပိုင်း နှစ်တွေမှာတော့ မွေးဖွားနှုန်း ကျဆင်းမှုကြောင့် လူဦးရေ လျော့နည်းလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်က စံချိန်တင် လူဦးရေ ကျဆင်းမှု ကြုံခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှတ်တမ်းတွေအရ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ၂.၉၉ သန်းအထိ ရှိနေပြီး ပြီးခဲ့တဲ့နှစ်ထက် ၁၀.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ဂျပန်နိုင်ငံမှာ နိုင်ငံခြားသား အရေအတွက် အကြီးမားဆုံး မြင့်တက်မှု ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေ အများဆုံးနေထိုင်ရာကတော့ မြို့တော် တိုကျိုမြို့ဖြစ်ပြီး နိုင်ငံခြားသား ၅၈၁၁၁၂ ဦး ( ဂျပန်လူဦးရေရဲ့ ၄.၂ ရာခိုင်နှုန်း) နေထိုင်ကြတယ်လို့ ဖော်ပြထားပါတယ်။

Ref: Japan’s population falls while foreign residents rise to record

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top