နောက်နှစ်ထဲ လက်ထပ်ဖို့ အစီအစဉ်ရှိနေတဲ့ ကိုရီးယားအဆိုတော် Ailee

20.3.24-yyl-1.jpg

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ တောင်ကိုရီးယားအဆိုတော် Ailee ဟာ လက်ရှိမှာ တွဲနေတဲ့သူရှိနေပြီလို့ သူ့ရဲ့အေဂျင်စီက အတည်ပြုထားပါတယ်။ Ailee ဟာ အနုပညာလောက ကမဟုတ်တဲ့ချစ်သူကောင်လေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပြီး သူတို့နှစ်ဦး အိမ်ထောင်တစ်ခုထူထောင်မယ့်စိတ်ကူးရှိနေတယ်လို့ STARNEWS သတင်းဌာနက မတ်လ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အိုင်လီရဲ့အေဂျင်စီ A2Z Entertainment က ချစ်သူရှိနေတယ်ဆိုတာကို အတည်ပြုတဲ့ တရားဝင်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

“မင်္ဂလာပါ…A2Z Entertainment ကပါ။ ဒီနေ့ မီဒီယာတစ်ခုက ထုတ်ပြန်တဲ့ Ailee နဲ့ပတ်သက်ပြီး ချိန်းတွေ့နေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အေဂျင်စီက တရားဝင်ထုတ်ပြောပြလိုပါတယ်။ Ailee က လက်ရှိမှာ အနုပညာလောက ကမဟုတ်တဲ့ အမျိုးသားနဲ့ တွဲနေပါတယ်။ သူ့ရဲ့မိတ်ဆွေတစ်ဦးက မိတ်ဆက်ပေးမှုနဲ့ သိခဲ့ကြတာပါ။ နောက်နှစ်ထဲလက်ထပ်ဖို့ ရည်မှန်းထားပါတယ်။ Ailee အဆင်သင့်ဖြစ်တာနဲ့ ပရိသတ်တွေကို သတင်းကောင်းလေးပြောပြဖို့ စီစဉ်ထားပါတယ်။ သူတို့ရဲ့ဆက်ဆံရေးအပေါ် နွေးထွေးမှုနဲ့ အားပေးပံ့ပိုးပေးကြဖို့ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ထုတ်ပြန်ခဲ့တာပါ။

Ailee ကို မြန်မာပရိသတ်တွေက “I Will Show You”၊ “Heaven” စတဲ့ နာမည်ကြီးသီချင်းတွေနဲ့ သိကြပါတယ်။

Ref: ailee Confirmed To Be In A Relationship + Plans To Get Married Next Year

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top