ခန္ဓာကိုယ်အစိတ်အပိုင်း ၂ ခု လှူဒါန်းပြီး လူ့အသက်နှစ်ချောင်း ကယ်တင်နိုင်ခဲ့သူ

19.3.24-yyl-12.jpg

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်မှ အမျိုးသားတစ်ဦးဟာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်း ၂ ခု လှူဒါန်းပြီး လူ့အသက်နှစ်ချောင်းကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းသူနဲ့ လက်ခံရယူသူတို့ တွေ့ဆုံတယ်ဆိုတာ ရှားပါတယ်။ ဒါပေမဲ့ ပေါလ်ဗို့သ်ကတော့ သူ့အတွက် အသည်းလှူပေးသူ ဂျွန်မက်စီနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာ အရက်သောက်ခဲ့တဲ့ဒဏ်ကြောင့် ပေါလ်ဗို့သ်ဟာ အသည်းအစားထိုး ခွဲစိတ်ကုသရမယ့် အခြေအနေ ကြုံခဲ့ပါတယ်။ သူဟာ အသည်းအလှူရှင် ပေါ်လာဖို့ လနဲ့ချီ စောင့်ဆိုင်းခဲ့ရပြီး တစ်ရက်မှာတော့ သတင်းကောင်းကြားခဲ့ရတာပါ။ သူဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃ ရက်မှာ ဂျွန်မက်စီရဲ့ အသည်းတစ်စိတ်တစ်ပိုင်းကြောင့် အစားထိုး ခွဲစိတ်မှု လုပ်နိုင်ခဲ့ပါတယ်။

ဒါဟာ ဂျွန်မက်စီရဲ့ ပထမဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းမှု မဟုတ်ပါဘူး။ သူဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း သူစိမ်းတစ်ဦးကို ကျောက်ကပ်တခြမ်း လှူဒါန်းပေးခဲ့ပါသေးတယ်။ ဂျွန်မက်စီဟာ အမေရိကန်နိုင်ငံမှာ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုထက်မက လှူဒါန်းပေးနိုင်သူ ၃၀ ဦးအနက် တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

အစားထိုးခွဲစိတ်မှု လုပ်ပြီးတဲ့နောက် ၆ လအကြာမှာတော့ ဂျွန်မက်စီနဲ့ ပေါလ်ဗို့သ်တို့နှစ်ဦးလုံး ကျန်းကျန်းမာမာနဲ့ လူချင်းဆုံတွေ့ခွင့်ရခဲ့ပါတယ်။

Ref:Mississippi Man Donates Second Organ, Saves Another Life

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top