အိပ်စင်ရထား မထွက်ကြောင်း နောက်နေ့အိပ်ရာနိုးမှ သိခဲ့တဲ့ ခရီးသည်

25-7-2022-yyl16.jpg

စကော့တလန်နိုင်ငံကနေ လန်ဒန်ကို ထွက်ခွာမယ့် အိပ်စင်ရထားပေါ်မှာ လိုက်ပါခဲ့တဲ့ အမျိုးသားဟာ နောက်တစ်နေ့နံနက် အိပ်ယာနိုးချိန်အထိ ဘူတာမှာပဲ ရှိနေသေးကြောင်း သိလိုက်ရလို့ အံ့အားသင့်သွားတဲ့အကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဂျင်မက်ကယ်ဖီလို့ အမည်ရတဲ့ အမျိုးသားဟာ ဇူလိုင်လ ၁၉ ရက်ညက Caledonian Sleeper အိပ်စင်ရထားပေါ် တက်ခဲ့ပြီး အိပ်ပျော်သွားခဲ့တာပါ။ သူဟာ နောက်တစ်နေ့ နံနက် ၅ နာရီခွဲအချိန်မှာ (ရထားလိုင်း ဝန်ထမ်းတွေက မနက်စာပို့ဖို့ တံခါးလာခေါက်တော့မှ) နိုးလာခဲ့ပြီး လန်ဒန်မြို့ကို ရောက်နေပြီအထင်နဲ့ ဘေးဘီဝဲယာ ကြည့်လိုက်ချိန်မှာ စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့မှာပဲ ရှိနေသေးကြောင်း သိခဲ့တာပါ။

ဒါဟာ Caledonian Sleeper အိပ်စင်ရထားကို သူ စီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း အထူးဆန်းဆုံးဖြစ်ရပ်ပဲလို့ ဂျင်မက်ကယ်ဖီက ဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံတစ်ဝန်း စံချိန်တင်အပူချိန် မြင့်တက်ခဲ့ပြီးနောက် စကော့တလန်-လန်ဒန် ရထားလမ်းပိုင်းမှာ ရထားလမ်း ယိုယွင်းပျက်စီးမှု ရှိခဲ့လို့ ရထားမထွက်ခဲ့တာဖြစ်ကြောင်း Caledonian ရထားလိုင်းရဲ့ စီမံခန့်ခွဲမှုမန်နေဂျာ ကက်သရင်းက ဆိုပါတယ်။ အဲဒီအတွက် ခရီးသည်အားလုံးကိုလည်း လက်မှတ်ခငွေ ပြန်အမ်းပေးသွားမယ်လို့ သူက ပြောပါတယ်။

Ref: Man Wakes Up On Sleeper Train To Discover It Never Even Left The Station

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top