ရဲတွေကို ကူညီပြီး အဖွားအိုတစ်ယောက်ကို ရှာပေးတဲ့ကလေးတစ်သိုက်

yyl-4-9-007.jpg

အသက် (၁၀) နှစ်အရွယ် လိုဂန် ဟောမန်း (Logan Hultman) ဟာ သူ့သူငယ်ချင်းတွေနဲ့အတူ စက်ဘီးပတ်စီးနေတုန်းမှာ ရဲတွေက အသက် (၉၇) နှစ်အရွယ်အဘွားအိုတစ်ဦးကို ရှာဖွေနေတယ်လို့ ရဟတ်ယာဉ်ကနေ ကြေညာချက်ကို ကြားသိခဲ့ရပါတယ်။ လိုဂန်နဲ့ သူ့သူငယ်ချင်းတွေက အဘွားအိုကို ရဲတွေအတူ ကူညီပြီး ရှာပေးဖို့လုပ်ခဲ့ကြပါတယ်။ အဲဒီအဘွားအိုက သူနေထိုင်နေတဲ့ စောင့်ရှောက်ရေးဂေဟာကနေ ပျောက်သွားတာဖြစ်ပါတယ်။

အဲဒီကလေးတစ်သိုက်က ပျောက်သွားတဲ့နေရာတစ်ဝိုက်ကို လူတိုင်းကိုလိုက်မေးပြီး ရှာဖွေခဲ့ပါတယ်။ အဘွားအိုပျောက်သွားတယ်လို့ သတင်းထွက်ပြီး (၂) နာရီမှာ ရှာတွေ့ခဲ့ပြီး Roseville Police Department ကို ဖုန်းဆက်ပြောခဲ့ပါတယ်။ “သားနဲ့ ကလေးတွေက အဘွားအိုကို ရှာဖွေအတွက် ကျောင်းမတက်ခဲ့ဘူးလို့ ကျွန်မသိခဲ့ရပါတယ်။ ကျွန်မ သားအတွက် တကယ်ကိုဂုဏ်ယူမိပါတယ်။ အဲဒါက သူက ဘယ်လိုကလေးမျိုးလည်းဆိုတာ ပြောပြနေတယ်လို့ ထင်ပါတယ်” လို့ လိုဂန်ရဲ့မိခင်က ပြောပါတယ်။

လိုဂန်၊ မာကန်နာ၊ ဟုတ်ပ်၊ ကက်ချ်တို့ကတော့ အခုလိုမွန်မြတ်တဲ့အလုပ်ကို လုပ်ပြီးတဲ့နောက် ပြည်တွင်းသတင်းတွေမှာ သူတို့အကြောင်းပါဝင်လာခဲ့ပါတယ်။ ဟုတ်ပ်နဲ့ ကက်ချ်ရဲ့အဖေက “အဲဒီအဘွားကို ရှာတွေ့ခဲ့ပြီးလို့ စိတ်လှုပ်ရှားစွာနဲ့ အိမ်ထဲကို ပြေးပြီးဝင်လာခဲ့တဲ့အခါမှာ ကျွန်တော်အရမ်းဝမ်းသာမိသွားပါတယ်။ သူတို့ကို အရမ်းဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။

Rosevilleရဲ့ ရဲအရာရှိကလည်း “ကလေးတွေရဲ့ သူရသတ္တိရှိတဲ့အပြုအမူအတွက် ရဲဌာနက ကျေးဇူးတင်မိပါတယ်။ လိုအပ်တဲ့နေရာမှာ သူတို့ရဲ့ကိုယ်ပိုင်လက်တွေနဲ့ လှုမှုအဖွဲ့အစည်းက လူတွေကို ကူညီဖေးမပေးတာ၊ ပျောက်နေတဲ့သူကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာအောင် ကူညီလုပ်ဆောင်ပေးတာတွေက အသက်အရွယ်နဲ့ မဆိုင်ဘူးဆိုတာကို ဒီကလေးတွေက သာဓကပြနေတာပါ။ (၁၀) နှစ်ကြာရင် သူတို့တွေကို ရဲထောက်လှမ်းရေးအဖြစ် ကမ်းလှမ်းစကားပြောလို့ရပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

Ref: ABCNews “Kid detectives help police find missing 97-year-old woman”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply