Relationship တစ်ခုကို အဆုံးသတ်သင့်ပြီလား

yyl-4-9-004.jpg

Relationshipတစ်ခုကို တည်မြဲအောင်လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ တချို့စုံတွဲတွေက အသေးအမွှားကိစ္စကိုတောင်ရန်ဖြစ်ပြီး စိတ်ဆိုးစိတ်ကောက်ကြပါတယ်။ တစ်ခါတရံနှစ်ဦးနှစ်ဖက် ညှိနှိုင်းရတာတွေလည်းရှိပါတယ်။ တစ်ခါတလေ ချစ်သူနှစ်ဦးကြားမှာ ဖြစ်တဲ့ကိစ္စတွေက ဖြေရှင်းလိုက်ရမလား။ ပြတ်စဲလိုက်ရမလားဆိုတာနဲ့ ပတ်သက်ပြီး အဖြေရှာဖို့လည်းခက်ခဲပါတယ်။ အခုဆောင်းပါးမှာ ဖော်ပြပေးထားတဲ့အချက်တွေက Relationship တစ်ခုကိုအဆုံးသတ်ဖို့ လိုလာပြီဆိုတာကို ပြနေတာဖြစ်ပါတယ်။

သင်(ဒါမှမဟုတ်)သင့်ချစ်သူက ချစ်ခင်နှစ်သက်ကြောင်း ထပ်ပြီးထုတ်မပြခြင်း

သင်ကသင့်အချစ်ကို ဖော်ထုတ်ပြချင်တဲ့စိတ်မရှိတော့ဘူး။ နှစ်ယောက်တွေ့နေရတဲ့အချိန် ဘာစကားမှပြောစရာမရှိတော့ဘူး။ အတူတူအချိန်မဖြုန်းချင်တော့ဘူး။ ဒီလိုဖြစ်လာရင်တော့ Relationship ကို အဆုံးသတ်ဖို့လိုလာပါပြီ။

မတူညီတဲ့ဘဝရည်မှန်းချက်တွေရှိခြင်း

Relationship တစ်ခု အဆုံးသတ်ဖို့ဖြစ်လာရင် အယူအဆ ၊အမြင်တွေ မတူညီကြတော့ပါဘူး။ သင်ကနိုင်ငံခြားမှာ အလုပ်လုပ်ချင်ပြီး သင့်ချစ်သူကအမိမြေမှာပဲ နေချင်တယ်။ အဲလိုသဘောထားမတိုက်ဆိုင် မှုတွေလည်းရှိနိုင်ပါတယ်။ ဒါဆိုရင် သဘောထားချင်း မတူတာတွေ၊ ဘဝရည်မှန်းချက်မတူနိုင်တော့တဲ့အတွက် Relationship တစ်ခုအဆုံးသတ်သွားနိုင်ပါတယ်။

Relationshipက သင်ကိုမပျော်ရွှင်စေဘူး

သင် နဂိုနေနေကျပုံစံကို သင့်ချစ်သူကပြောင်းလဲသွားစေဖို့ မျှော်လင့်နေတယ်။ သင့်ချစ်သူပျော်ရွှင်ဖို့အတွက်ပဲ အားစိုက်ပြီးလုပ်ပေးနေရတယ်။ လူနှစ်ယောက်ချစ်သူဖြစ်လာရင်တော့ ညှိနှိုင်းမှုတွေ၊ ပြောင်းလဲမှုအနည်းငယ်တော့ လုပ်ဖို့လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်ပျော်ရွှင်မှုပျောက်အောင်တော့ ပြောင်းလဲဖို့မလိုအပ်ပါဘူး။

Relationship ကဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ ကြမ်းတမ်းတဲ့လမ်းကြောင်းပေါ် ရောက်နေခြင်း

သင်တို့ Relationship ကခက်ခဲနေပြီးအရင်ကပျော်ရွှင်ခဲ့ရတဲ့ အရာတွေကိုမမှတ်မိတော့ဘူး။ အဲ့အချက်ကြောင့်သင့် Relationship နဲ့ပတ်သတ်ပြီးမကောင်းတဲ့ အတွေးရှိနေတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ စိတ်မဝင်စားတော့ဘူး။ သူကသင့်နဲ့အတူတူဖြေရှင်းဖို့ စိတ်ကူးမရှိဘဲသင်မရှိလဲဖြစ်ပါတယ်ဆိုတဲ့ အတွေးများဝင်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာရင် Relationship ကအဆုံးသတ်လာနိုင်ပါတယ်။

Ref: Are you not happy in your relationship? These signs will tell you if you need to end it

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top