နာမည်ကြီးဆယ်လီတွေနဲ့ သူတို့ရဲ့တန်ဖိုးကြီးမင်္ဂလာဝတ်စုံများ (၁)

yyl-037-1.jpg

နာမည်ကြီးဆယ်လီတွေ မင်္ဂလာဆောင်တဲ့အခါတိုင်း သူတို့ မင်္ဂလာပွဲကို ဘယ်လိုတခမ်းတနားကျင်းပခဲ့လဲ၊ ဝတ်ဆင်တဲ့မင်္ဂလာဝတ်စုံက ဘယ်လိုဖြစ်မလဲ၊ ဘယ်လောက်ကုန်ကျမလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစားလိုက်ရှာကြည့်ကြပါတယ်။ တချို့ဆယ်လီတွေက ငွေကုန်ကြေးကျအရမ်းများတဲ့မင်္ဂလာပွဲကို ကျင်းပကြတဲ့အပြင် မင်္ဂလာပွဲနဲ့လိုက်ဖက်မှုရှိအောင် သတို့သမီးဝတ်ဆင်တဲ့ဂါဝန်ကိုလည်း ဈေးကြီးပေး၊အချိန်ပေးပြီးချုပ်ကြပါတယ်။ ကဲ..စာဖတ်ပရိသတ်တွေလည်း မင်္ဂလာပွဲမှာ နာမည်ကြီးဆယ်လီတချို့ဝတ်ဆင်ခဲ့တဲ့မင်္ဂလာဝတ်စုံတန်ဖိုးကို သိချင်ကြမယ်ထင်ပါတယ်။ သူတို့ရဲ့မင်္ဂလာဝတ်စုံတန်ဖိုး ဘယ်လောက်ရှိမလဲဆိုတာ ကြည့်လိုက်ရအောင်..။

ဆိုဖီတာနာ (Sophie Turner)

ဇူလိုင်လမှာ ဂျို ဂျိုနတ်စ် (Joe Jonas) နဲ့ လက်ထပ်ခဲ့တဲ့ မင်းသမီးဆိုဖီတာနာရဲ့ မင်္ဂလာဂါဝန်က တန်ဖိုးကြီးတဲ့ဝတ်စုံပါ။ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကိုတော့ အတိအကျဖော်ပြမထားပေမဲ့ နာမည်ကြီးတံဆိပ် Louis Vuitton က နာရီ (၁၀၅၀) ကြာအောင် အချိန်ယူပြီး ဒီဇိုင်းထွင်ချုပ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အချိန်အကြာကြီးချုပ်လုပ်ထားတာဆိုတော့ တန်ဖိုးကြီးမှာ သေချာပါတယ်။

မီဂန် မာကယ် (Meghan Markle)

နာမည်ကြီးတံဆိပ် Givenchy က ဖန်တီးချုပ်လုပ်ပေးထားတဲ့ ဆူးဆက်စ်နယ်စားကတော်ရဲ့မင်္ဂလာဂါဝန်ရဲ့ တန်ဖိုးကို တရားဝင်ထုတ်ပြောပြမထားပေမဲ့ အမေရိကန်ဒေါ်လာ (၆၅၉၈၄၆) တန်ဖိုးရှိတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

လီမင်ဂျောင် (Lee Min Jung)

နာမည်ကြီးမင်းသားနဲ့ မင်းသမီးတို့ လက်ထပ်ရင် သူတို့ရဲ့မင်္ဂလာပွဲက ကြီးကျယ်ခမ်းနားပြီး ဝတ်စုံကလည်း တန်ဖိုးကြီးမယ်ဆိုတာ အသိသာကြီးပါနော်။ မင်္ဂလာပွဲမှာ လီဗြောင်ဟွန်းရဲ့ဇနီးချောလေး လီမင်ဂျောင် ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံက အမေရိကန်ဒေါ်လာ (၆၁၈၀၀) တန်ဖိုးရှိတဲ့ Marchesa တံဆိပ်ဖြစ်ပါတယ်။

အန်ဂျလာဘေဘီ (Angelababy)

တရုတ်မင်းသမီးချော အန်ဂျလာဘေဘီရဲ့မင်္ဂလာပွဲက အခုထိ အများအားကျရဆုံး ဆယ်လီမင်္ဂလာပွဲတွေထဲက တစ်ခုပါပဲ။ သူ့မင်္ဂလာပွဲကို အမေရိကန်ဒေါ်လာ (၄၃) သန်းအကုန်ကျခံပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့မင်္ဂလာဂါဝန်ကလည်း နာမည်ကြီးတံဆိပ် Diorက ဖန်တီးချုပ်လုပ်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁.၅) သန်းတန်ဖိုးရှိတယ်လို့ သိရပါတယ်။

ကင်မ် ကာဒါရှန် (Kim Kardashian)

တန်ဖိုးကြီးတဲ့မင်္ဂလာဝတ်စုံထဲမှာ ကင်မ် ကာဒါရှန်ဝတ်ခဲ့တဲ့ မင်္ဂလာဂါဝန်လည်း အပါအဝင်ပါပဲ။ သူ့ရဲ့မင်္ဂလာဝတ်စုံက အမေရိကန်ဒေါ်လာ (၅၅၄၉၀၀) တန်ဖိုးရှိတဲ့ Givenchy တံဆိပ်ဂါဝန်ဖြစ်ပါတယ်။

Ref: The most expensive celebrity wedding dresses of all time

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top