ငါးကြီးဆီကို ဘယ်အသက်အရွယ်ကနေ စသောက်သုံးသင့်လဲ

fish-oil-dosage-732x549-thumbnail.jpg

ငါးကြီးဆီလို့ သိကြတဲ့ အိုမီဂါ (၃) က ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပေမဲ့လည်း တစ်နေ့တာ စားသုံးမှုတွေမှာ အိုမီဂါ (၃) ပါဝင်ဖို့ အရေးကြီးတယ်ဆိုတာကို လူအများစုဟာ သတိမပြုမိခဲ့ကြပါဘူး။ အိုမီဂါ (၃) က ရောဂါဘယဖြစ်ပွားခြင်းမှ ကျွန်တော်တို့ကို ကာကွယ်ပေးပါတယ်။ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေက အိုမီဂါ (၃) နည်းပါးတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ လက်ရှိမှာတော့ အိုမီဂါ (၃)ဆေးတောင့်ကို လူတော်တော်များများ သောက်သုံးလာကြပါတယ်။ ဒါပေမဲ့ ဘယ်အသက်အရွယ်ကတေည်းက စသောက်သင့်လဲဆိုတာကို သိချင်ကြမှာပါ။

အိုမီဂါ (၃) က ဘယ်အသက်အရွယ်မဆို အရေးကြီးပါတယ်။ မွေးကင်းစအရွယ်ကစလို့ အသက်အရွယ်ကြီးသည်ထိ သောက်သုံးလို့ရပါတယ်။ အိုမီဂါ (၃) ကို လုံလောက်စွာ သောက်သုံးတာက နှလုံးရောဂါ၊ အကြောရောင်ရောဂါ၊ အရိုးပွရောဂါ၊ ကင်ဆာရောဂါဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးပါတယ်။

မွေးခင်စကလေးတွေက ငယ်ရွယ်လွန်းတဲ့အတွက် မိခင်ရဲ့နို့ကနေ အိုမီဂါ (၃)ကို လုံလုံလောက်လောက်ရရှိရပါတယ်။ အသက်တစ်နှစ်အရွယ်မှာတော့ ငါးကြီးဆီကိုစပြီး ကျွေးသင့်ပါတယ်။ ငါးကြီးဆီဖြည့်စွက်စာမကျွေးခင် ငါးနဲ့ ဓာတ်တည့်မတည့် အရင်ဆုံး စစ်ဆေးသင့်ပါတယ်။

မွေးကင်းစကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အိုမီဂါ (၃)

အိုမီဂါ (၃) ပြည့်ဝတဲ့နို့ကို သောက်သုံးရတဲ့ကလေးတွေက ဉာဏ်ထက်မြက်ကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိုမီဂါ (၃)သောက်သုံးထားတဲ့မိခင်တွေရဲ့ကလေးဟာ အိုမီဂါသရီးမသောက်သုံးထားတဲ့မိခင်တွေရဲ့ကလေးနဲ့ ယှဉ်ရင် ဉာဏ်ထက်မြက်ပြီး သိမြင်နိုင်စွမ်းပိုမြင့်မားကြပါတယ်။

ပန်းနာရင်ကျပ်ရောဂါ – ကိုယ်ဝန်ဆောင်ချိန်အတွင်း အိုမီဂါ (၃)သောက်သုံးထားတဲ့ အမျိုးသမီးတွေရဲ့ကလေးတွေဟာ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားမှုလျော့နည်းပါတယ်။

လမစေ့ဘဲမွေးဖွားခြင်း – ကိုယ်ဝန်ဆောင်သည်တွေက အိုမီဂါ (၃)ကို သောက်သုံးမယ်ဆိုရင် ကလေးကို လမစေ့ဘဲ မွေးခြင်းနဲ့ ကင်းဝေးစေပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အိုမီဂါ (၃)

နှလုံးသွေးကြောကျဉ်ရောဂါ – ပုံမှန် ငါးကြီးဆီစားတဲ့သူတွေက နှလုံးသွေးကြောကျဉ်ရောဂါတွေ ဖြစ်ပွားမှုကို (၃၂) ရာခိုင်နှုန်းလျော့နည်းစေပါတယ်။

ကင်ဆာ – ပုံမှန် အိုမီဂါ (၃) သောက်သုံးတဲ့သူတွေက ဘယ်ကင်ဆာရောဂါမဆို ဖြစ်ပွားမှုကို လျော့နည်းစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

စိတ်ပိုင်းဆိုင်ရာအခြေအနေများ- အိုမီဂါ (၃) က ဦးနှောက်လုပ်ဆောင်မှုအတွက် အဓိကနေရာမှာ ပါဝင်ပါတယ်။ အိုမီဂါ (၃) က လူတွေကို စိတ်ကျရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးတယ်လို့လည်း တွေ့ရှိရပါတယ်။

ကလေးတွေဟာ အိုမီဂါ (၃) ကို အဆက်မပြတ်စားသုံးမယ်ဆိုရင်တော့ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း၊ အော့အန်ခြင်းနဲ့ အခြားဘေးထွက်ဆိုးကျိုးတွေဖြစ်တတ်တယ်ဆိုတာကိုတော့ သတိပြုထားသင့်ပါတယ်။

Ref: TOI “What is the right age to start taking fish oil?”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top