လွှတ်တော်ထဲမှာ အမတ်ရဲ့ကလေးကို နို့ဗူးတိုက်ပြီးထိန်းပေးခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌ

69485615_2548741945156710_6707084121287426048_n.jpg

နယူးဇီလန်နိုင်ငံ အောက်လွှတ်တော်မှာ ဆွေးနွေးတင်ပြမှုတွေလုပ်နေတုန်း လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အမတ်ရဲ့ ကလေးကို နို့ဗူးတိုက်ပြီး ထိန်းပေးခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ထိုင်ခုံမှာထိုင်ရင်းနဲ့ လွှတ်တော်အမတ် ကော်ဖေးရဲ့ကလေးကို နို့ဗူးတိုက်ပေးနေတဲ့ဓာတ်ပုံကို ထရီဗော်မယ်လက်က တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။

လေဘာပါတီလွှတ်တော်အမတ် ကော်ဖေးဟာ ပြီးခဲ့တဲ့ဇူလိုင်လက သားဖြစ်သူ စမစ်ကော်ဖေးကို အငှားကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးဖွားခဲ့တာဖြစ်ပါတယ်။ စမစ်ကော်ဖေးဟာ ကော်ဖေးရဲ့ လိင်တူချစ်သူ တင်စမစ်ရဲ့ သွေးသားအရင်းအချာဖြစ်ပါတယ်။ ကလေးမွေးဖွားမှုကြောင့် ခွင့်ယူထားတဲ့ ကော်ဖေးဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က သားဖြစ်သူနဲ့အတူ လွှတ်တော်ဆွေးနွေးပွဲကိုလာရောက်ခဲ့တာပါ။ အဲဒီလွှတ်တော်ဆွေးနွေးပွဲမှာ ထရီဗော်မယ်လက်က လွှတ်တော်ဥက္ကဋ္ဌတစ်ဖြစ်လဲ ကလေးထိန်းအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top