တပ်မတော်အနေနဲ့ ဒီဇင်ဘာလအတွင်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်

1-12-2020-yyl-012.jpg

ရန်ကုန်၊ ဒီဇင်ဘာ (၁)

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်မှ (၃၁) ရက်အထိ တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမှာဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချူပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှအကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းများရှိတဲ့ နေရာများမှအပ ကျန်နယ်မြေများမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာ (၁) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးတဲ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ်။

ဒါ့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ထာဝရ ငြိမ်းချမ်းရေးအောင်မြင်စေရန် ဆွေးနွေးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ တပ်မတော်နှင့်တွေ့ဆုံ ဆွေးနွေးရန်လိုအပ်ပါက ဆက်လက်ဆွေးနွေးနိုင်ရေး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးနိုင်ရေး လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့များအနေနဲ့လည်း လက်မှတ်ထိုးနိုင်တဲ့အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးမြောက်တဲ့ အထိ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

Photos- တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top