မိန်းကလေးလို ဝတ်ဆင်ပြီး ချစ်သူကိုယ်စား စာမေးပွဲလာဖြေပေမဲ့ လူမိသွားလို့ စွဲချက်တင်ခံထားရတဲ့ အိန္ဒိယအမျိုးသား

17.1.24-yyl-၆.jpg

အိန္ဒိယအမျိုးသားတစ်ဦးဟာ သူ့ချစ်သူ ကောင်မလေးအဖြစ် ဟန်ဆောင်ပြီး စာမေးပွဲ ကိုယ်စားဖြေပေးဖို့ ကြိုးစားခဲ့ရာမှာ လူမိသွားခဲ့ပါတယ်။ ပန်ဂျပ်ပြည်နယ် ဖာရစ်ကော့ခရိုင်၊ ဘာဘာဖာရစ် တက္ကသိုလ်၊ ကျန်းမာရေးသိပ္ပံမှ တာဝန်ရှိသူတွေဟာ စွယ်စုံရ ကျန်းမာရေးဝန်ထမ်း စာမေးပွဲမှာ မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီဆိုးပြီး စာရွက်စာတမ်းအတုနဲ့ စာမေးပွဲ လာဖြေတဲ့ အမျိုးသားတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့တာပါ။

အန်ဂရက်ဆင်းဂျ်လို့ အမည်ရတဲ့ အမျိုးသားဟာ ဇန်နဝါရီလ ၇ ရက်က သူ့ချစ်သူ ကောင်မလေးဟန်ဆောင်ပြီး စာမေးပွဲ လာဖြေခဲ့တာပါ။ မိန်းကလေးလို ပြင်ဆင်ပြီး စာမေးပွဲခန်းထဲ ဝင်နိုင်ခဲ့ပေမဲ့ သူ့ရဲ့ဖြေဆိုခွင့်ကတ်ထဲမှ ဒေတာတွေဟာ မှတ်တမ်းဌာနရဲ့အချက်အလက်တွေနဲ့ ကွဲလွဲနေလို့ တာဝန်ရှိသူတွေက သံသယရှိခဲ့ပြီး စစ်ဆေးရာမှာ ကိုယ်စား စာမေးပွဲဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အန်ဂရက်ဆင်းဂျ်ရဲ့ ချစ်သူ ပါရမဂျစ်ဟာ ယခင်က စွယ်စုံရ ကျန်းမာရေးဝန်ထမ်း စာမေးပွဲ ဖြေဆိုခဲ့ဖူးပြီး စာမေးပွဲ မအောင်ခဲ့ပါဘူး။ အဲဒီအတွက် အန်ဂရက်ဆင်းဂျ်က သူ့ကိုယ်စား စာမေးပွဲဖြေပေးဖို့ ကြိုးစားခဲ့တာပါ။ အစောပိုင်းမှာ တက္ကသိုလ် တာဝန်ရှိသူတွေက အန်ဂရက်ဆင်းဂျ်ကို အိမ်ပြန်လွှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တိုင်ချက်ဖွင့်ခဲ့ပြီး စွဲချက်အများအပြားနဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ သူ့ချစ်သူ ပါရမဂျစ်ဟာလည်း ကြံရာပါအဖြစ် စွဲချက်တင် စစ်ဆေးခံနေရပါတယ်။

Ref:Indian Man Puts on Lipstick and Makeup to Impersonate Girlfriend During Exam

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top