ကလေးတွေကိုအန္တရာယ်ဖြစ်စေနိုင်တာကြောင့် Contigo ရေဗူးသန်းချီကိုပြန်လည်သိမ်းဆည်း

water01.jpg

ရေဗူးမှာတပ်ဆင်ထားတဲ့ ဆီလီကွန်နှုတ်သီးက ကျွတ်ထွက်လွယ်နေတဲ့အတွက် ကလေးရဲ့လည်မျိုမှာဆို့ပြီးအသက်ရှုကြပ်စေမယ့်အန္တရာယ်ရှိနေတာကြောင့် သန်းနဲ့ချီတဲ့ Contigo အမှတ်တံဆိပ်ကလေးသုံးရေဗူးတွေကို ကုမ္ပဏီက ပြန်သိမ်းဆည်းလိုက်ပြီလို့ အမေရိကန်နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (CPSC) က အဂါင်္နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ချီကာဂိုအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Contigo ဟာ ဖောက်သည်တွေဆီက တိုင်စာပေါင်း (၁၄၉) စောင်ထိ လက်ခံရရှိခဲ့ပြီး အဲဒီတိုင်စာတွေထဲမှာ ကလေးရဲ့ပါးစပ်ထဲမှာ Contigo ရေဗူးနှုတ်သီးကျွတ်ကျန်ခဲ့တာလိုမျိုး မတော်တဆမှု (၁၈) ခုလောက်ပါဝင်နေခဲ့ပါတယ်။

(၉) ဒေါ်လာကနေ (၂၄) ဒေါ်လာကြားတန်ဖိုးရှိတဲ့ Contigo ရေဗူးတွေကို Costco၊ Walmart၊ Target ဆိုင်တွေနဲ့ တခြားစတိုးဆိုင်တွေမှာအပြင် အွန်လိုင်းကနေပါရောင်းချခဲ့ပြီး အခုပြဿနာမပေါ်လာခင်အချိန်အထိ ဗူးအရေအတွက်ပေါင်း (၅.၇) သန်းကျော် ရောင်းချထားခဲပြီးဖြစ်ပါတယ်။

အခုပြဿနာပေါ်ပေါက်လာမှုကြောင့် ချွတ်ယွင်းချက်ရှိနေတဲ့ ဗူးအဖုံးစွပ်အနက်ရောင်မှာဆီလီကွန်နှုတ်သီးပါရေဗူးအားလုံးကို ပြန်သိမ်းဆည်းခဲ့ပြီး ဗူးအသစ်တွေနဲ့ ပြန်ပြီးအစားထိုးလဲလှယ်ပေးသွားမှာပါ။ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်မှာလည်း ပြန်လည်သိမ်းဆည်းမှုမှာ အနက်ရောင်နှုတ်သီးပါရေဗူးတွေသာ အကျုံးဝင်ကြောင်းကြေညာချက်နဲ့အတူ ရေဗူးအသစ်ပြန်လဲလှယ်ဖို့ ဖြည့်စွက်ရမယ့်အမှာစာဖောင်ကိုလည်း တစ်ပါတည်းထည့်သွင်းပေးထားပါတယ်။

Contigo ကုမ္ပဏီရဲ့ ပြောခွင့်ရှိသူတစ်ဦးကလည်း “ကလေးတွေဘေးကင်းမှုရှိစေဖို့က Contigo ရဲ့ ဦးစားပေးကိစ္စတစ်ခုဖြစ်တာကြောင့် အခုပြဿနာကိုဖြေရှင်နိုင်းဖို့အတွက် အမြန်ဆုံးအဖြေရှာခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Ref: CNN “Millions of Contigo water bottles recalled because of the risk kids will choke on detachable spout”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top