JOOX ကနေ World Music Day ရန်ပုံငွေ ဂီတပွဲတော်ကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက် သွားမယ်

JOOX-Online-Music-Festival-2.jpg

JOOX အက်ပလီကေးရှင်းက နှစ်စဉ်ကျင်းပလျက်ရှိတဲ့ JOOX World Music Day 2020 ဂီတပွဲတော်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပမှာဖြစ်ပြီး Social Distancing စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာကာ COVID-19 ရန်ပုံံငွေပွဲအဖြစ် အွန်လိုင်းမှ တစ်ဆင့် ကျင်းပမှာဖြစ်ပါတယ်။ “The Sound of Happiness” လို့ အမည်ပေးထားတဲ့ အဲဒီဂီတပွဲတော်ကို ဇွန်လ ၂၁ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ်တစ်နာရီမှ စတင်ကာ ကျင်းပသွားမှာဖြစ်ပြီး JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် LIVE ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ပရိသတ်တွေက မိမိသဘောကျနှစ်သက်တဲ့အနုပညာရှင်များကို JOOX အက်ပလီကေးရှင်းရှိ Coin များကို လက်ဆောင်အနေဖြင့် ပေးပို့ခြင်းဖြင့် ပါဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ Coin လက်ဆောင်တစ်ခုကို မြန်မာကျပ်ငွေ ၂၀ ကျပ် ကျသင့်မှာဖြစ်ပြီး ဒီကမ်ပိန်းက ရရှိတဲ့ Coin စုစုပေါင်းလက်ဆောင်များရဲ့ ငွေကြေးများအားလုံးကို UNICEF သို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။

JOOX က လက်ဆောင်အနေဖြင့် ရရှိတဲ့ စုစုပေါင်းငွေပမာဏကို UNICEF က အပြည်ပြည်ဆိုင်ရာ COVID-19 လုပ်ငန်းဆောင်ရွက်ချက်တွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။

“The Sound of Happiness” ဂီတပွဲတော်မှာ နိုင်ငံကျော် အဆိုတော်များဖြစ်တဲ့ ဝေလ၊ Big Bag၊ ဖြူဖြူကျော်သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ မေ နှင့် ချမ်းမြေ့မောင်ချိုတို့က ပါဝင်ဖျော်ဖြေသွားမှာဖြစ်တဲ့အပြင် နိုင်ငံတကာမှ အဆိုတော်များဖြစ်တဲ့ Ruel၊ Alexander 23၊ Circa Waves၊ Mxmtoon၊ Conor Matthews၊ Gracie Abrams၊ Griff၊ JC Stewart နှင့် Maximillian တို့ကလည်း ပါဝင်မှာဖြစ်ပါတယ်။

Pop၊ R&B၊ Hip Hop နှင့် Rock စတဲ့ ခေတ်ပေါ်တေးဂီတ အမျိုးအစားများစွာနှင့် ဖျော်ဖြေသွားမှာဖြစ်ပြီး စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ realme ကလည်း ဒီရန်ပုံငွေပွဲတော်အတွက် ပါဝင်ကူညီလှူဒါန်းသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အနုပညာရှင်များအပြင် ကြည့်ရှုသူများအတွက် ကမ္ဘာ့ DJ အဆင့် (၁၄) ရှိ နာမည်ကျော် DJ R3hab ကလည်း အထူးအစီအစဉ်အနေတစ်ခုအနေဖြင့် ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်မှာ နိုင်ငံတကာ တေးဂီတပွဲတော်နေ့ကို ပြင်သစ်နိုင်ငံက စတင်ပြုလုပ်ကျင်းပခဲ့ပြီး နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့တိုင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့သောနှစ်များမှာ ကမ္ဘာတစ်ဝန်း မြို့ပေါင်း တစ်ထောင်ကျော်ရှိ အများ ပြည်သူကြည့်ရှုနိုင်တဲ့ နေရာများမှာ အခမဲ့ တေးဂီတပွဲ‌တော်ကြီးများကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

Apple App Store နှင့် Google Play Store တို့မှာ JOOX mobile သို့မဟုတ် Desktop app ကို ‌ဒေါင်းလုပ်ဆွဲခြင်း၊ JOOX ဝက်ဘ်ဆိုက်ကို ဝင်ရောက်ခြင်းဖြင့် မိမိနှစ်သက်သော အနုပညာရှင်နှင့် သူတို့ရဲ့ ဂီတကို အချိန်မရွေး၊ မည်သည့်နေရာမတွင်မဆို ခံစားနားဆင်လို့ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top