အစားအစာကို တန်ဖိုးထားကြတဲ့ ပြင်သစ်တွေဟာ အစားအစာလေလွင့်မှုကို တိုက်ဖျက်ဖို့ ဥပဒေပြဋ္ဌာန်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ ပြင်သစ်နိုင်ငံရဲ့ ကုန်စုံဆိုင်ကြီးတွေဟာ မရောင်းရတဲ့ အစားအစာတွေကို လွှင့်ပစ်ခွင့် ပိတ်ပင်ထားပြီး ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းပေးရမယ်လို့ သတ်မှတ်ထားတာပါ။
ဒါကြောင့်လည်း ပြင်သစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အစားအစာလေလွင့်မှု စီမံခန့်ခွဲမှုအကောင်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
NZ (ရိုးရာလေး)