သူစိမ်းအမျိုးသမီးရဲ့အိပ်မက်တွေပြည့်စေဖို့ အထက်တန်းထိုင်ခုံကို လဲစီးခဲ့သူ

yyl-001-12.jpg

ကမ္ဘာပေါ်မှာ အကြင်နာတရား၊ ကိုယ်ချင်းစာတရားထားတဲ့သူတွေ အများကြီးပါပဲ။ အဲဒီလိုလူမျိုးတွေကို အပြင်မှာကော လူမှုကွန်ယက်ပေါ်မှာပါ တွေ့မြင်ကြရမှာပါ။ အခုဖော်ပြပေးမယ့်အကြောင်းအရာကလည်း လေကြောင်းခရီးစဉ်မှာ အမြဲတမ်းမတွေ့ရတဲ့ ရင်ထဲထိစေမဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။

Virgin Atlantic လေယာဉ်ရဲ့ နောက်ဆုံးအခန်းမှာ လိုက်ပါစီးနှင်းလာတဲ့ အသက် (၈၈) နှစ် အရွယ် အဘွား ဗွိုင်အိုလက်ကို အထူးတန်းမှာ လိုက်လာခဲ့တဲ့ သူစိမ်းအမျိုးသားတစ်ယောက်က သူ့ရဲ့အထက်တန်းက ထိုင်ခုံကို ပေးပစ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာလေးပါ။ မိမိနဲ့မသိတဲ့သူစိမ်းတစ်ယောက်ကို အဲဒီလိုပေးပစ်ဖို့ဆိုတာ လူတိုင်းမလုပ်နိုင်တဲ့အရာတစ်ခုပါပဲ။
ဒီဇင်ဘာ (၁၀) ရက်နေ့က လေယာဉ်မယ် လီအာ အေမီ (Leah Amy) တင်ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်အရ ဂျက်ခ် (Jack) ဆိုတဲ့ အမျိုးသားတစ်ဦးက သူ့အတွက်နဲ့ သူ့မိသားစုအတွက် လန်ဒန်ကနေ နယူးယောက်သွားတဲ့ လေယာဉ်လက်မှတ်ကို ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ ဂျက်ခ်က လေယာဉ်ပေါ်မှာ အဲဒီအဘွားနဲ့ လေဆိပ်မှာ ဆုံတွေ့ခဲ့ပြီး သူနဲ့ ထိုင်ခုံချင်းလဲစီးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“လေယာဉ်ပေါ်ရောက်တော့ ဂျက်ခ်က အဘွားကို သွားတွေ့ပြီး သူ(မ) နဲ့ထိုင်ခုံချင်းလဲစီးခဲ့ပါတယ်။ အဲဒီနောက် သန့်စင်ခန်းဘေးက ထိုင်ခုံတန်းမှာ ထိုင်ခဲ့ပြီး ခရီးစဉ်တစ်လျှောက်လုံး ဘာစကားမှမပြော၊ ဘာမှလည်း မတာင်းဆိုခဲ့ပါဘူး။ သူက သူ့ရဲ့အကြင်နာတရားတွေနဲ့ပဲ ဒီလိုကိစ္စကို လုပ်လိုက်တာပါ” လို့ ပြောပါတယ်။

ခရီးသည်ရဲ့ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက် ဒီထက်ပိုပြီး အသေးစိတ်တော့ပြောလို့မရကြောင်း ဖေ့စ်ဘွတ်ခ်မှာလည်း အသေးစိတ်ကို အတည်ပြုပေးထားပြီဖြစ်ကြောင်း Virgin Atlantic လေကြောင်းလိုင်းက မီဒီယာတွေကို ပြောပါတယ်။
အဘွားဗွိုင်အိုလက်ရဲ့အိပ်မက်က ရှေ့ဆုံးခုံမှာ အမြဲတမ်းထိုင်ဖူးချင်ခဲ့ပါတယ်။ အဲဒီအိပ်မက်ကို ဂျက်ခ်က အကောင်အထည်ဖော်ပေးခဲ့တာပါ။ အဘွားက အထူးတန်းမှာ ထိုင်ခွင့်ရတော့ သူ့သမီးက မယုံခဲ့ဘဲ ဆယ်ဖီရိုက်ပြီး သက်သေပြစေချင်ခဲ့ပါတယ်။ ဒါပေမဲ့ အဘွားက ဖုန်းကော အီးမေးလ်ပါ မရှိတဲ့အတွက် ပုံတွေကို လေယာဉ်မယ်လီအာ အေမီက တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Ref: Stranger gives up first-class airline seat to make woman’s ‘dream’ come true

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top