မိုးပေါ်ကနေ ဟင်းသီးဟင်းရွက်တွေ ပြုတ်ကျလာတဲ့ ဗီဒီယိုဖန်တီးမိလို့ အီရန်ကျောင်းသား ၅ ယောက် အဖမ်းခံရ

students.jpg

တီဟီရန်မြို့ကောင်းကင်ကနေ ဟင်းသီးဟင်းရွက်တွေ ပြုတ်ကျလာတဲ့ ဗီဒီယိုဖန်တီးမိခဲ့လို့ အီရန်ကျောင်းသားငါးယောက် အဖမ်းခံခဲ့ရပါတယ်။ လူတွေရဲ့ခေါင်းပေါ်နဲ့ ကားတွေပေါ်ကို ဟင်းသီးဟင်းရွက်တွေ ကျလာတဲ့ ဗီဒီယိုဟာ ပါရှန်းဘာသာစကား အသုံးပြုတဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူထုကို မငြိမ်မသက်ဖြစ်အောင် လုပ်လို့ ကျောင်းသားငါးယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ အနုပညာကျောင်းသားတွေဖြစ်ပြီး တက္ကသိုလ်ပရောဂျက်အတွက် အဲဒီဗီဒီယိုဖန်တီးခဲ့တာလို့ ဆိုပါတယ်။ သူတို့က အထူးပြုလုပ်ချက် ဖန်တီးနိုင်စွမ်းကို စမ်းသပ်ဖို့ အခုလို ဗီဒီယိုဖန်တီးခဲ့တာလို့ အမျိုးသားငါးယောက်က ပြောပါတယ်။ သူတို့က အဲဒီဗီဒီယိုကို မိတ်ဆွေသူငယ်ချင်းတွေဆီကိုသာ ဝေမျှခဲ့ပြီး အွန်လိုင်းပေါ် ပျံ့နှံ့သွားစေဖို့ မရည်ရွယ်ဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။ အီရန်နိုင်ငံမှာ Covid-19 ကူးစက်ပျံ့နှံ့မှု ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး သေဆုံးသူ ၁၀၀၀ နီးပါး ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top