အတူနေချစ်သူရဲ့ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ အမျိုးသမီး ဓာတ်ပုံတွေ မပျံ့နှံ့အောင် မက္ကဆီကိုပြည်သူတွေ ဝိုင်းဝန်းကြိုးပမ်း

yyl-033-5.jpg

မက္ကဆီကိုနိုင်ငံသူ အမျိုးသမီးတစ်ယောက်ကို အတူနေချစ်သူက ဓားနဲ့ ထိုးသတ်ပြီး သက်သေအထောက်အထားတွေ မကျန်ရစ်အောင် လက်စဖျောက်တဲ့အနေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ပိုင်းဖြတ်တာ၊ အရေခွံ ဆုတ်ခွာတာမျိုး လုပ်ခဲ့တဲ့အတွက် မက္ကဆီကိုပြည်သူတွေ နာကျည်းခံပြင်းခဲ့ကြပါတယ်။ အသက် ၂၅ နှစ်ရှိတဲ့ အက်စကာမီလာရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းကို မက္ကဆီကိုမီဒီယာတွေက အလုအယက်ဖော်ပြခဲ့ကြလို့ စိတ်မချမ်းမြေ့စရာဓာတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီပုံတွေကို ဖုံးလွှမ်းသွားနိုင်ဖို့အတွက် မက္ကဆီကိုပြည်သူတွေက အွန်လိုင်းပေါ်မှာ စိတ်ချမ်းသာစရာကောင်းတဲ့ ရူခင်းပုံ၊ သဘာဝပတ်ဝန်းကျင်ပုံ၊ ကာတွန်းပုံ၊ ပန်းချီကားပုံတွေကို အက်စကာမီလာရဲ့နာမည်နဲ့အတူ ယှဉ်တွဲပြီး တင်ခဲ့ကြပါတယ်။

အက်စကာမီလာကို သတ်ခဲ့တယ်ဆိုတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသားကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်အောင် တောင်းဆိုသွားမယ်လို့ မက္ကဆီကိုစီးတီးမြို့တော်ဝန် ရှိန်းဘမ်းက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံမှာ Femicide(ကျား၊ မ ခွဲခြားပြီး အမျိုးသမီးတွေကို သတ်ဖြတ်မှု) မြင့်တက်နေပြီး လတ်တလောအချိန်မှာ Femicide အမှု ၇၀၀ ကို စုံစမ်းစစ်ဆေးနေပါတယ်။ ၂၀၁၉ ခုနှစ် ပထမ ၁၀ လအတွင်း မက္ကဆီကိုနိုင်ငံမှာ အမျိုးသမီး ၃၁၄၂ ယောက် အသတ်ခံခဲ့ရပြီး အသတ်ခံရသူ ၇၂၆ ရဲ့ဖြစ်ရပ်တွေကို Femicide အမှုအဖြစ် သတ်မှတ်ထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top