ထောက်ပံ့ငွေကို ကိုယ်ကျိုးအတွက်မသုံးဘဲ ကျောင်းသားမိသားစုတွေအတွက် လှူဒါန်းပေးခဲ့တဲ့ ကျာင်းဆရာ

4-5-2020-yyl-011.jpg

ကျောင်းဆရာတစ်ယောက်ဟာ ငွေကြေးထောက်ပံ့မှုအစီအစဉ်ကနေ ရရှိတဲ့ ငွေကြေးတွေကို ကျောင်းသားမိသားစုတွေရဲ့ ဓာတ်အားခအဖြစ် လှူဒါန်းပေးခဲ့ပါတယ်။ ကျောင်းဆရာ ကန့်ချမ်ဘာဟာ အလာဘားမားပြည်နယ်၊ မက်ဒီဆန်မြို့က ဘော့ဂျုံးစ်အထက်တန်းကျောင်းရဲ့ သင်္ချာဆရာဖြစ်ပြီး ၁၉၈၆ ခုနှစ်ကတည်းက အဲဒီကျောင်းမှာ စာသင်ခဲ့သူပါ။ သူ့ကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတချို့ရဲ့ မိသားစုတွေ ငွေရေးကြေးရေး အခက်အခဲဖြစ်နေတာကို ကန့်ချမ်ဘာက ရိပ်စားမိပါတယ်။

” ကျွန်တော်က ကျောင်းသွားဖို့ ဂတ်စ်ဖိုးမကုန်ဘူး။ လုပ်ခလစာကလည်း နဂိုအတိုင်း ရနေတော့ ကျွန်တော်က အဆင်ပြေပါတယ်။ ကျွန်တော့်အတွက် ထောက်ပံ့ငွေယူပြီး သုံးစွဲပစ်ဖို့ အကြောင်းမရှိပါဘူး။ အဲဒီအတွက် အမှန်တကယ်လိုအပ်နေသူတွေကို ကူညီလိုက်တာပါ”လို့ ကန့်ချမ်ဘာက ပြောပါတယ်။ ကန့်ချမ်ဘာဟာ သူနဲ့ သူ့မိသားစုရဲ့အမည်ကို မဖော်ပြဘဲ မိသားစုတွေ ဓာတ်အားခ ပေးဆောင်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၂၀၀ ပေးလှူခဲ့တာပါ။ ဒီငွေပမာဏဟာ မိသားစုတချို့အတွက် ဓာတ်အားခ နှစ်လကျော် ပေးဆောင်နိုင်တဲ့ အတိုင်းအတာရှိပါတယ်။ ကန့်ချမ်ဘာဟာ နေအိမ်မီးလောင်လို့ ကုသစောင့်ရှောက်မှု ခံယူနေရတဲ့ တူမဖြစ်သူအတွက် စင်စင်နတီမြို့မှာရှိတဲ့ ရှရင်နာကလေးဆေးရုံရဲ့ မီးလောင်လူနာကုသရေးစင်တာကိုလည်း အမေရိကန်ဒေါ်လာ ၆၀၀ လှူဒါန်းပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top