ဟော်လန်နည်းပြ ရော်နယ်ကိုးမန်း ဆေးရုံရောက်

4-5-2020-yyl-010.jpg

ဟော်လန်နည်းပြ ရော်နယ်ကိုးမန်းဟာ နှလုံးရောဂါကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရတယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ပြောပါတယ်။ ဆောက်သမ်တန်၊ အဲဗာတန် စတဲ့ ပရီးမီးယားလိဂ်ကလပ်တွေကို နည်းပြခဲ့ဖူးတဲ့ ရော်နယ်ကိုးမန်းဟာ အရေးပေါ် နှလုံးခွဲစိတ်မှုခံယူခဲ့ရပေမဲ့ အမ်စတာဒမ်မြို့ ဆေးရုံမှာ ကျန်းမာရေးအခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ဆိုပါတယ်။

အသက် ၅၇ နှစ်ရှိတဲ့ ရော်နယ်ကိုးမန်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ စက်ဘီးစီးခဲ့ပြီးနောက် ရင်ဘတ်အောင့်တဲ့ ဝေဒနာခံစားရလို့ ဆေးရုံတင်လိုက်ရတာပါ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ဟော်လန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ရော်နယ်ကိုးမန်းဟာ ဟော်လန်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယူရို-၂၀၂၀ ခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်ပေးနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top