ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ အများပြည်သူစုဝေးတတ်တဲ့ နေရာအားလုံးကို ခေတ္တပိတ်ထားမယ်

18-12-2020-yyl41.jpg

ခရစ္စမတ်နဲ့ နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်းမှာ လူစုလူဝေးတွေမဖြစ်ပေါ်စေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက အများပြည်သူစုဝေးတတ်တဲ့နေရာတွေကို ဒီဇင်ဘာ ၂၁ ရက်ကနေ ၃၀ ရက်အထိ ခေတ္တပိတ်ထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီကထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်သူ့ဥယျာဥ◌်၊ အင်းလျားကန်ပေါင်၊ ပန်းခြံနဲ့ အားကစားကွင်းတွေအားလုံးခေတ္တပိတ်ထားမယ်လို့ ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်တိုင်းရဲ့ Stay at Home မြို့နယ်တွေအတွင်းက ပြည်သူတွေဟာ စည်းကမ်းချက်တွေကိုမလိုက်နာဘဲ ပြင်ပမှာသွားလာနေတာတွေကို လိုအပ်တဲ့သတိပေးစစ်ဆေးတင်းကြပ်မှုတွေ ဆောင်ရွက်သွားဖို့အတွက်လည်း ကိုဗစ် ဗဟိုကော်မတီက အကြောင်းကြားထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အခုထုတ်ပြန်ချက်မတိုင်မီ ဒီဇင်ဘာ ၁၈ ရက်ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခရစ္စမတ်နဲ့ နှစ်သစ်ကူးလာလတွေမှာ ပြည်သူတွေ ကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့အတွက် Stay at Home ကို တင်းတင်း ကြပ်ကြပ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top