ဒီနေ့ကစပြီး သေဆုံးရသူအားလုံးက ခင်ဗျားတို့ကြောင့်ပဲ” လို့ နေတိုးအဖွဲ့ကို ဇီလင်စကီး ဝေဖန်

3-3-2022-yyl19.jpg

” ဒီနေ့ကစပြီး သေဆုံးရသူအားလုံးက ခင်ဗျားတို့ကြောင့်ပဲ။ ခင်ဗျားတို့ရဲ့ ပျော့ကွက်၊ ခင်ဗျားတို့ရဲ့ မညီညွတ်မှုတွေကြောင့် သေရတာ” လို့ ယူကရိန်းသမ္မတ ဇီလင်စကီးက နေတိုးအဖွဲ့ကို ဝေဖန်သွားခဲ့ပါတယ်။ ယူကရိန်းဝေဟင်ကို လေကြောင်းမပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့ နေတိုးက ငြင်းဆန်ခဲ့ပြီးနောက်မှာ ဇီလင်စကီးက အခုလို ဝေဖန်ခဲ့တာပါ။

” ဒီနေ့ နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေးလုပ်တယ်။ မည်ကာမတ္တအစည်းအဝေး၊ ရှုပ်ထွေးတဲ့အစည်းအဝေးပွဲပါ။ ဒီအစည်းအဝေးပွဲမှာ လူတိုင်းက ဥရောပရဲ့ လွတ်လပ်မှုကို နံပါတ်(၁) ရည်မှန်းချက်အဖြစ် ဦးထိပ်ထားပြီး တိုက်ပွဲဝင်ချင်စိတ် မရှိဘူးဆိုတာ တွေ့ရတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်လှမ်းရေးအေဂျင်စီတိုင်းက ရန်သူရဲ့အစီအမံတွေကို ကောင်းကောင်းသိပါတယ်။ ရုရှားက ထပ်ပြီးထိုးစစ်ဆင်ချင်သေးတယ်ဆိုတာလည်း သူတို့ အတည်ပြုထားပါတယ်”

” နေတိုးက ယူကရိန်းဝေဟင်ကို မပိတ်ဖို့ ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်ခဲ့တယ်။ ယူကရိန်းရဲ့ဝေဟင်ကို ပိတ်လိုက်ရင် ရုရှားက နေတိုးကို တိုက်ရိုက် တိုက်ခိုက်လာလိမ့်မယ်ဆိုတဲ့ အယူအဆမျိုး ပြောကြတယ်။ ဒါဟာ ပျော့ညံ့သူ၊ မလုံခြုံမှု ခံစားနေရသူတွေရဲ့ အမြင်ပါ။ ဒါတောင် သူတို့မှာရှိတဲ့ လက်နက်တွေက ကျွန်တော်တို့ထက် အဆပေါင်းများစွာ အားကောင်းပါတယ်။ ယူကရိန်းနိုင်ငံ မတည်မြဲရင် ဥရောပလည်း တည်မြဲမှာ မဟုတ်ပါဘူး” လို့ ဇီလင်စကီးက ပြောခဲ့ပါတယ်။

Ref: BBC ” ‘All the people who die will die because of you’ “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top