ထိပ်တန်းကုမ္ပဏီကြီးများက ရုရှားနိုင်ငံထံ ပစ္စည်းတင်ပို့မှု၊ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

3-3-2022-yyl18.jpg

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဆမ်ဆောင်းကုမ္ပဏီက ရုရှားနိုင်ငံထံ ဖုန်းတွေ၊ ချစ်ပ်ပြားတွေ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ ရုရှားနိုင်ငံမှာ အမေရိကန်ထုတ် Apple ဖုန်း၊ တရုတ်နိုင်ငံထုတ် Xiaomi ဖုန်းတွေထက် ဆမ်ဆောင်းဖုန်းတွေက လူကြိုက်ပိုများပါတယ်။ ဖုန်းတွေ၊ ချစ်ပ်ပြားတွေ တင်ပို့ရောင်းချမှုတွေ ရပ်ဆိုင်းလိုက်တဲ့အပြင် ယူကရိန်းနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှုတွေပေးအပ်ဖို့ အမေရိကန်ဒေါ်လာ ၆ သန်း လှူဒါန်းသွားမယ်လို့ ဆမ်ဆောင်းကုမ္ပဏီက ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကလည်း ရုရှားနိုင်ငံအတွင်း သူတို့ရဲ့ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ရောင်းချနေတာကို ရပ်ဆိုင်းခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ တန်ဖိုးကြီး အမှတ်တံဆိပ်တွေဖြစ်တဲ့ LVMH၊ Hermes၊ Kering နဲ့ Chanel တို့ကလည်း ရုရှားနိုင်ငံမှာရှိတဲ့ စတိုးဆိုင်တွေကို ပိတ်ပစ်ခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ Carlsberg ဘီယာကုမ္ပဏီကလည်း ရုရှားနိုင်ငံထံ ကုန်ပစ္စည်းတင်ပို့မှု၊ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တန့်ခဲ့ပါတယ်။အမေရိကန်သတင်းဌာနတွေဖြစ်တဲ့ CNN နဲ့ Bloomberg News တို့ကလည်း ရုရှားနိုင်ငံမှာ လုပ်ငန်းလည်ပတ်မှုတွေကို ယာယီဆိုင်းငံ့ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး သတင်းတုဖြန့်သူတွေကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်မယ့်ဥပဒေကို ရုရှားသမ္မတ ပူတင်က လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း CNN နဲ့ Bloomberg News တို့က အဲဒီလို ဆိုင်းငံ့ခဲ့တာပါ။ ပြီးခဲ့တဲ့သောကြာနေ့မှာ ဘီဘီစီသတင်းဌာနကလည်း ရုရှားနိုင်ငံမှာ သတင်းထုတ်လုပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ တယ်လီဂရမ် app ကလည်း ရုရှားနိုင်ငံပိုင်မီဒီယာ RT ကို သူတို့ရဲ့ဝန်ဆောင်မှုတွေ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်။ ခရင်မလင်ရဲ့ ကျောထောက်နောက်ခံ ရရှိထားတဲ့ မီဒီယာတွေကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့ပြီးနောက်မှာ ဖေ့ဘွတ်ခ်၊ တွစ်တာ၊ YouTube နဲ့ Tiktok တို့ကလည်း ရုရှားနိုင်ငံပိုင်မီဒီယာ RT ကို သူတို့ရဲ့ဝန်ဆောင်မှုတွေ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

Ref: BBC ” Live Reporting”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top