ရထားကြိတ်ခံရလုဆဲဆဲမှာ မိခင်က သားသမီးနှစ်ဦးကို သူ့ခန္ဓာကိုယ်နဲ့အုပ်မိုးပြီး လူသားဒိုင်းကာအဖြစ် ကာကွယ်ပေးခဲ့

29.12.23-yyl-5.jpg

ရထားလမ်းပေါ် ပြုတ်ကျသွားပြီး ရထားကြိတ်ခံရလုဆဲဆဲမှာ အိန္ဒိယအမျိုးသမီးက သူ့ခန္ဓာကိုယ်ကို သားသမီးနှစ်ယောက်ပေါ်မှာ အုပ်မိုးပြီး လူသားဒိုင်းကာတစ်ခုလို ကာကွယ်ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်က အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ သူတို့မိသားစုဟာ နယူးဒေလီမြို့ကို သွားမယ့် ရထားနဲ့အတူ လိုက်ပါဖို့ ဘီဟာဘူတာရုံကို ရောက်လာခဲ့ကြတာပါ။ လူအုပ်ကြီးက ရထားပေါ် တိုးဝှေ့တက်ကြချိန်မှာ သူတို့သားအမိ ၃ ယောက်ကို တိုက်မိပြီး ရထားသံလမ်းပေါ် ပြုတ်ကျသွားခဲ့တာပါ။

အဲဒီအချိန်မှာပဲ ရထား စတင်ထွက်ခွာပြီး သားအမိ ၃ ယောက်ပေါ်ကနေ ဖြတ်သန်းခုတ်မောင်းသွားပါတယ်။ မိခင်ဖြစ်သူက သားသမီးနှစ်ယောက်ကို သူ့ခန္ဓာကိုယ်နဲ့ အုပ်မိုးပေးထားတာ ရုပ်သံမှတ်တမ်းမှာ မြင်ရပါတယ်။ ကံကောင်းချင်တော့ သူတို့ ရထားကြိတ်ခံရခြင်းမရှိသလို ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာလည်း မရခဲ့ပါဘူး။

ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ အသက်ဘေးနဲ့ ကြုံရချိန်မှာ သားသမီးတွေအပေါ်ထားတဲ့ မိခင်မေတ္တာကို ထင်ထင်ရှားရှား မြင်တွေ့ခွင့်ရတာပဲ ဖြစ်ပါတယ်။

ဃခုlinkဧ။် ကောမန့်အောက်တွင်ဗီဒီယိုကိုဝင်ရောက်ကြည့်ရှုနိုင်ပါသည်- https://m.facebook.com/story.php?story_fbid=pfbid0cdryVVHHBqZ7bxV6rKZMSHxJA6TGQ5otcwaYuzZDis6ixGGyh86veg4ujoeN5x7Ll&id=100064243106482&mibextid=9R9pXO

Ref: Indian woman shields her 2 children as train speeds past them after they were pushed onto track

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top