ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကောက်ရခဲ့တဲ့ အိမ်ရာမဲ့ရဲ့ အဆုံးသတ်

dallor.png

၂၀၁၈ ခုနှစ်မှာ အယ်လ်မာဆိုတဲ့ အိမ်ရာမဲ့ အမျိုးသားတစ်ယောက်က ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ် တစ်စောင် ကောက်ရတယ်။ အမေရိကန်နိုင်ငံ ကွန်နက်တီကပ်ပြည်နယ်၊ နယူးဟဲဗင်းမြို့မှ အိမ်ခြံမြေ လုပ်ငန်းရှင် ရောဘာတာဟိုစကီး ကျကျန်နေခဲ့တဲ့ ချက်လက်မှတ်ပါ။ အယ်လ်မာက ချက်လက်မှတ် ကောက်ရပေမဲ့ ငွေထုတ်ယူဖို့ ကြိုးစားတာမျိုး မလုပ်ခဲ့ဘူး။ ပိုင်ရှင်ထံ ပြန်ပေးခဲ့တယ်။

အယ်လ်မာရဲ့ ရိုးသားမှုကို သဘောကျသွားတဲ့ ရောဘာတာက သူ့ကို နေစရာအိမ်ငှားပေးခဲ့ပြီး သူ့ရဲ့အိမ်ခြံမြေကျောင်းမှာလည်း အပြည့်အဝ ပညာသင်ဆုပေးခဲ့တယ်။ နောက်ပိုင်းမှာတော့ အယ်လ်မာက ရောဘာတာရဲ့ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတစ်ယောက် ဖြစ်လာတဲ့အထိ တက်လှမ်းနိုင်ခဲ့တယ်။

ဒီဖြစ်ရပ်ဟာ မြန်မာဆိုရိုးအရဆိုရင် ရိုးသားမှုဂုဏ် စားမကုန်လို့ပဲ ပြောရမယ် ထင်တယ်။

Ref: Almer alvarez Roberta hoskie

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top