ကမ္ဘာတစ်ဝန်းမှ ကလေးငယ်များ တစ်နေ့တခြား ပိုဝလာကြ

98236030_gettyimages-200298746-001.jpg

ကမ္ဘာတစ်ဝှမ်းက ကလေးငယ်များနဲ့ လူငယ်များဟာ တစ်နေ့ထက်တစ်နေ့ ပိုဝလာကြပြီး ကလေးငယ်များရဲ့ ဝနှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုစာအတွင်းမှာ ၄ ဆမျှ ပိုများလာတယ် လို့သိရပါတယ်။ လေ့လာချက်တစ်ခုအရ ကမ္ဘာ့တစ်ဝှမ်းက ကလေးနဲ့လူငယ် ၁၂၄ သန်းခန့်က အဝလွန်ဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။

ဒီလေ့လာချက်ကို ဆေးပညာဂျာနယ် Lancet မှလေ့လာခဲ့တာ ဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ ကလေးငယ်များရဲ့ ဝနှုန်းကို လေ့လာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်မှာဆိုရင် အသက် ၅ နှစ်မှ ၁၉ နှစ်ကြားရှိတဲ့ ကလေး ၁၀ ယောက်မှာ တစ်ယောက်ဟာ အဝလွန်နေပြီး ကလေးငယ်များ အဝလွန်နေတာဟာ အဝလွန်လူကြီးတစ်ယောက် ဖြစ်လာစေပြီး ကျန်းမာရေးပြဿနာများစွာနဲ့ ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်ပညာရှင်များက ဆိုထားပါတယ်။

The highest rates of obesity are shown in red, followed by orange and yellow. Green and blue means fewer than 5% of the young population is obese

ဒီကနေ့ အောက်တိုဘာ ၁၁ ရက်နေ့ဟာ ကမ္ဘာ့အဝလွန်ခြင်းနေ့ဖြစ်ပြီး Lancet ဂျာနယ်ဟာ သူ့ရဲ့လေ့လာချက်ကို ဒီနေ့မှာပဲ ကမ္ဘာကြီးကို အဝလွန်ခြင်းရဲ့ အန္တရာယ် အသိပေးဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ရောဂါအသေးစားလေးများကြောင့် ကုန်ကျနေရတဲ့ ကျန်းမာရေး ကုသစရိတ်ထက် အဝလွန်ခြင်းကြောင့် ဖြစ်ပွားတဲ့ ရောဂါများကို ကုသတဲ့အခါ ကုန်ကျတဲ့စရိတ်က တစ်နှစ်ကို ပေါင် ၉၂၀ ဘီလီယံ အထိ ပိုများနေပါတယ်။

ဒါ့အပြင် ဝင်ငွေကောင်းတဲ့ ဥရောပနိုင်ငံတွေနဲ့ အင်္ဂလန်နိုင်ငံတို့မှာတော့ အဝလွန် ကလေးငယ်မွေးဖွားနှုန်း များပြားနေပြီး လေ့လာသူတွေကတော့ ဈေးပေါပြီး အဝလွန်စေတဲ့ အသင့်စားအစားအစာများ ဈေးပေါပေါနဲ့ ဝယ်လို့ရနေခြင်းက အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ် လို့ဆိုထားပါတယ်။

အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း လူငယ်များနဲ့ ကလေးများ အဝလွန်နှုန်းများပြားလာနေပြီး ကမ္ဘာကြီးသာ ဒီနှုန်းအတိုင်းဝလာမယ်ဆိုရင် နောက်ပိုင်းမှာ အစာရေစာ မဝလို့ပိန်နေတဲ့ ကလေးတွေထက် ဝနေတဲ့ ကလေးတွေကို ပိုတွေ့လာရနိုင်တယ် လို့သိပါတယ်။ WHO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကတော့ နိုင်ငံများအနေနဲ့ ကယ်လိုရီ အဆမတန်များပြားနေပြီး အာဟာရဓာတ် နည်းပါးနေတဲ့ အသင့်စားအစားအစာတွေကို တိတိကျကျကိုင်တွယ်ဖို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းများများ လုပ်ဖို့ နှိုးဆော်ထားပါတယ်။ သို့ပေမဲ့ ကမ္ဘာ့ပေါ်မှာ နိုင်ငံပေါင်း ၂၀ ခန့်ကသာ အချိုဓာတ်ကဲလွန်းတဲ့ အအေးတွေကို အခွန်ကောက်ခံတဲ့ ဥပဒေ ပြဠာန်ထားရသေးပါတယ်။

Ref : BBC News : Child and teen obesity spreading across the globe

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top