အပျော်တမ်းဓာတ်ပုံဆရာ ရိုက်ကူးမိခဲ့တဲ့ နတ်သားပုံသဏ္ဍာန်နေဝင်ဆည်းဆာဓာတ်ပုံ

16-6-2022-yyl14.jpg

အပျော်တမ်းဓာတ်ပုံဆရာတစ်ယောက်က သူ့ရဲ့ဖုန်းကင်မရာနဲ့ နတ်သားပုံသဏ္ဍာန်ဖြစ်နေတဲ့ နေဝင်ဆည်းဆာဓာတ်ပုံကို ရိုက်ကူးမိခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ် စတောက် မာရေးဆိုသူက စကော့တလန်နိုင်ငံ၊ Portsoy ကမ်းရိုးတန်းမြို့မှာရှိတဲ့ သူ့ရဲ့အိမ်အနီးနားမှာ နေဝင်ချိန်ကို ကြည့်ရင်း ရင်သက်ရှုမောဖွယ်ကောင်းတဲ့ အဲဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာပါ။

မာရေးက နေဝင်ချိန်အတွင်း နေလုံးကြီးက ရေပြင်နားရောက်သွားတဲ့အခါမှာအချိန်ကိုက်ရိုက်ကူးမိခဲ့ပါတယ်။ နေဝင်ဆည်းဆာဓာတ်ပုံက အတောင်တွေဖြန့်ထားတဲ့ နတ်သားပုံသဏ္ဍာန်ဖြစ်နေတာကို မာရေး သတိပြုမိခဲ့ပါတယ်။

မာရေးက ကမ်းခြေလာတဲ့အခါတိုင်း နေဝင်ချိန်ကို ဓာတ်ပုံရိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ ရာသီဉတုအခြေအနေမကောင်းတာကြောင့် မရိုက်ဖြစ်ခဲ့ဘူး။ အခုတခါမှာတော့ ရိုက်ချက်ကောင်းကောင်းနဲ့ ရင်သက်ရှုမောဖွယ်ကောင်းတဲ့ နေဝင်ချိန်ဓာတ်ပုံကို ရိုက်ကူးနိုင်ခဲ့ပါပြီ။

Ref: Ladbible “Amateur Photographer Captures ‘Angel With Wings’ During Incredible Sunset”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top