ခိုးပြီး စွန့်ပစ်ခံခဲ့ရတဲ့ ကလေးလေးကို ကယ်တင်ပြီး မိခင်လက်ထဲပြန်ထည့်ပေးခဲ့တဲ့ ပစ္စည်းပို့ကားမောင်းသမား

26-1-2021-yyl-04.jpg

ဟူစတန်မြို့က ဂျူအန် ကာလော့စ် ဖလော်ရီစ် (Juan Carlos Flores) ဆိုသူဟာ ပစ္စည်းပို့သွားရင်းနဲ့ လမ်းတစ်ဖက်ခြမ်းမှာ စွန့်ပစ်ခံထားရတဲ့ (၅) လသားအရွယ်ကလေးလေးကို တွေ့ခဲ့ရပါတယ်။ အဲဒါနဲ့ အနီးနားပတ်ဝန်းကျင်ကလူတွေရဲ့အကူအညီနဲ့ ဂျူအန်ဟာ ပြန်ပေးဆွဲခံရပြီး စွန့်ပစ်ခံထားရတဲ့ကလေးလေးကို သူ့မိခင်နဲ့ ပြန်ဆုံစည်းအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဂျူအန်က ကလေးလေးကို လမ်းတစ်ဖက်ခြမ်းမှာ လှမ်းမြင်လိုက်လို့ အနီးကပ်သွားကြည့်တော့ ငိုချင်သလိုဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ လသားအရွယ်ကလေးလေးက လမ်းပေါ်မှာ တစ်ယောက်တည်းရှိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့တောင် ပါးစပ်ကနေ ပြောနေခဲ့ပါတယ်။ CCTV မှတ်တမ်းမှာတော့ တနင်္လာနေ့မနက်ခင်းက လမ်းတစ်ဖက်ခြမ်းမှာ အဲဒီကလေးလေးကို လူတစ်ယောက်က လာထားသွားခဲ့တာကိုပြနေပါတယ်။ ကလေးလေးကို ဂျူအန်မတွေ့ခင် ၂၂ မိနစ်အတွင်းမှာ ပစ္စည်းပို့ကားတော်တော်များများဖြတ်သွားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဂျူအန်ကတော့ ကလေးလေးကို တွေ့တွေ့ချင်း ချက်ချင်းပဲ အနီးနားပတ်ဝန်းကျင်က လူတွေကို အသိပေးပြီး ရဲကို အကြောင်းကြားခဲ့ပါတယ်။ ကလေးလေးကို စောင့်ရှောက်ပေးမယ့် အိမ်ကိုလည်း ရဲတွေကို ခေါ်သွားစေခဲ့ပါတယ်။ ဂျူအန်ကလည်း ကလေးလေးကို ဂရုစိုက်ပေးနေတဲ့ အိမ်နီးနားချင်းကို သူ့ရဲ့ကလေးလေးလားလို့တောင် မေးခဲ့ပါတယ်။ သူက ဂျူအန်ကို နောက်နေတာလားလို့တောင် ပြန်ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ရဲကားတွေနဲ့အတူ မိခင်တစ်ယောက် ငိုပြီး ပါလာခဲ့ပါတယ်။ သူ့ကလေးလေးအခိုးခံခဲ့ရတယ်လို့ ရဲတွေက ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကလေးလေးနဲ့ သူ့မိခင်တွေ ပြန်ဆုံစည်းခဲ့ရပါတယ်။ ကလေးကို ခိုးသွားပြီး စွန့်ပစ်ခဲ့တဲ့တရားခံကိုတော့ ဖမ်းဆီးလို့မရသေးပါဘူး။ CCTV မှာ မြင်တွေ့ခဲ့ရတဲ့ ကလေးလေးကို ပစ်သွားခဲ့တဲ့ ကားမောင်းသမားကို ရှာတွေ့နိုင်ဖို့ ကြိုးစားနေကြပါတယ်။

ဂျူအန်ဟာ ကပ်ရောဂါစဖြစ်ပွားကတည်းက Amazon အတွက် ကားမောင်းပေးနေခဲ့တာပါ။ သူဟာ ပါဆယ်ထုပ်ထောင်ပေါင်းများစွာကို ကားမောင်းပြီး ပို့ဆောင်ပေးခဲ့ဖူးပေမဲ့ ဒီတစ်ခေါက်ကတော့ သူ့အတွက် အကောင်းဆုံးပစ္စည်းပို့ဆောင်မှုဖြစ်ခဲ့ပြီး သူ့မှာ ဖြစ်ပျက်ခဲ့တဲ့ အကောင်းဆုံးအရာဖြစ်တယ်လို့ ပြောပါတယ်။

Ref: ABCNews “Amazon driver rescues baby abandoned in Houston, reunites him with mom”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top