တစ်ခဏတာ ဘီလျံနာဖြစ်ခဲ့သူ

7.9-2022-yyl-07.jpg

ကိုယ့်ဘဏ်အကောင့်ထဲကို ငွေမြောက်မြားစွာ ဝင်လာခဲ့မယ်ဆိုရင် တအံ့တဩဖြစ်သွားကြမယ်ထင်ပါတယ်။ အမျိုးသားတစ်ယောက်ဆိုရင်လည်း သူ့အကောင့်ထဲမှာ ငွေတွေအများကြီးဝင်နေခဲ့ပါတယ်။ အဲဒီအခိုက်အတန့်မှာ သူဟာ ၂၅ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားခဲ့ပါတယ်။ ဘဏ်လုပ်ငန်း Error တက်ပြီး သူ့အကောင့်ထဲကို ပေါင် (၄၃.၄) ဘီလျံ ဝင်နေခဲ့တာပါ။

တစ်ခဏတာ ဘီလျံနာဖြစ်ခဲ့ရတဲ့သူကတော့ ဒါရမ် ဂျိမ်းစ်ဆိုသူပါ။ သူ့အကောင့်ထဲ ဘီလျံချီတဲ့ ငွေတွေ ရောက်နေခဲ့တာကို သူ့ဇနီးဖြစ်သူက အရင်တွေ့ခဲ့ပြီး သူ့ကို ဖုန်းခေါ်ကာ အသိပေးခဲ့တာပါ။ အဲဒါနဲ့ ဒါရမ်လည်း ဘဏ်အကောင့်ထဲက သူ့ရဲ့ငွေပမာဏကို စစ်ကြည့်လိုက်တော့ ကိုယ့်မျက်စိကိုတောင် မယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။ သူ့ဘဝမှာ ဒီလောက်များတဲ့ငွေတွေကို မမြင်ဖူးခဲ့တာကြောင့် ဆွံ့အသွားခဲ့ရတယ်။

သူလည်း ဒီငွေတွေ ဘယ်ကနေရောက်လာတာလဲပေါ့။ ဒီလောက်ငွေပမာဏ လွှဲမယ့်သူလည်း မသိတာကြောင့် ဘယ်သူကများ မှားလွှဲလိုက်လဲလို့ တွေးနေခဲ့ပါတယ်။ ဒါရမ်က အဲဒီငွေတွေကို ယူပြီး သုံးစွဲပစ်မယ့်အစား ပိုင်ရှင်ဆီ ပြန်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒီငွေတွေအားလုံးနဲ့ သူ ဘာလုပ်လို့ရနိုင်လဲဆိုပြီး စိတ်ကူးယဉ်ကြည့်ခဲ့ပေမဲ့ ငွေတွေပြန်ပေးဖို့ ဘဏ်ကို ဆက်သွယ်ခဲ့ပါတယ်။

အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့ ဒါရမ်က ဒီငွေတွေကို ယူထားမယ်ဆိုရင် ခိုးယူမှုမြောက်တယ်လို့ မှတ်ယူခဲ့တာပါ။ ဘဏ်ကို အသိပေးလိုက်တော့ ချက်ချင်းပဲ ငွေတွေကို ပြန်ယူဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘဏ်က ငွေတွေ ဘယ်ကလာတယ်၊ ဘယ်လိုဖြစ်ပြီး Error တတ်သွားခဲ့လဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

ရက်အနည်းငယ်ကြာတော့ ဒါရမ်ရဲ့ဘဏ်အကောင့်ထဲမှာ ဘီလျံချီတဲ့ငွေတွေ မရှိတော့ပါဘူး။ စနေ၊ တနင်္ဂနွေ၊ တနင်္လာအထိ အကောင့်ထဲမှာ ရှိနေပါသေးတယ်။ အင်္ဂါနေ့ကျမှာ မရှိတော့တာပါ။ သူသာ အဲဒီလိုငွေတွေ တရားဝင်ပိုင်ဆိုင်ရခဲ့မယ်ဆိုရင် သူတစ်ပါးကို ကူညီပေးသွားမှာဖြစ်တယ်၊ ဒါက သူ့ရဲ့ကြီးမားတဲ့အိပ်မက်ပါပဲလို့ ဒါရမ်က ဆိုပါတယ်။

Ref: TheMirror “Dad becomes 25th richest man in world after £43BILLION lands in account in bank error”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top