ယာဉ်တိုက်မှုကြောင့် အာဆင်နယ်တိုက်စစ်မှူးဟောင်း ရီယက်စ် ကွယ်လွန်

SEI70939442-1200x700.jpg

အာဆင်နယ်နဲ့ စပိန်တိုက်စစ်ဟောင်း အန်တိုနီယိုရီယက်စ်ဟာ ကားမတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ ဆီဗီလာအသင်းက ကြေညာခဲ့ပါတယ်။ အသက် (၃၅) နှစ်အရွယ်ရှိတဲ့ ရီယက်စ်ဟာ ၂၀၀၄ ခုနှစ်က တစ်ရာသီလုံး ရှုံးပွဲမရှိကစားပြီး ပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ အာဆင်နယ်အသင်းမှာ ပါဝင်ခဲ့သူပါ။

ကစားသမားဘဝတစ်လျှောက် ရီးရဲလ်၊ အက်သလက်တီကို၊ ဘင်ဖီကာ အသင်းတွေမှာ ကစားခဲ့ပြီး စပိန်အသင်းအတွက် (၂၁) ပွဲကစားခဲ့

သူဟာ ကစားသမားဘဝတစ်လျှောက် ရီးရဲလ်၊ အက်သလက်တီကို၊ ဘင်ဖီကာ အသင်းတွေမှာ ကစားခဲ့ပြီး စပိန်အသင်းအတွက် (၂၁) ပွဲကစားခဲ့ပါတယ်။ ”ဒီထက် စိတ်မကောင်းဖြစ်စရာသတင်းမျိုး မရှိတော့ပါဘူး။ ကျွန်တော်တို့ ချစ်ခင်ရတဲ့ ဘောလုံးကြယ်ပွင့် ဟိုဆေးအန်တိုနီယိုရီယက်စ်ဟာ ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားခဲ့ပါပြီ။ ကောင်းရာဘုံမှာ ပျော်ပါစေတော့ ရီယက်စ်ရေ”လို့ ဆီဗီလာအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဆီဗီလာအသင်းမှာ ကစားသမားဘဝစတင်ခဲ့တဲ့ ရီယက်စ်ဟာ ၂၀၁၂ ခုနှစ်မှာ ဆီဗီလာကို ပြန်ရောက်လာခဲ့ပြီး ယူရိုပါလိဂ်ဖလား (၃) နှစ်ဆက်တိုက် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အက်စ်ပန်ညို၊ ကော်ဒိုဘာ၊ တရုတ်ကလပ် ရှင်ကျန်းတိန့်ရှန်အသင်းတွေမှာ ကစားခဲ့ပြီး အခုနှစ်အစောပိုင်းက စပိန်ကလပ် အိတ်စ်ထရီမာဒူရာအသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top