EPL သမိုင်းရဲ့ အကောင်းဆုံး ကွင်းလယ်ဂိုးသွင်းစက် (သို့) ဖရန့် လမ်းပတ်

FB_IMG_1523177037013.jpg
၁၉၇၈ ဇွန်လ ၂၀ ရက်နေ့တုန်းက အင်္ဂလန်ဘောလုံးကဝေတစ်ယောက်ကို လန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့နာမည်ကတော့ “ဖရန့် လမ်းပတ်”

ဖခင်က ဝက်ဟမ်းယူနိုက်တက် အသင်းရဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ခဲ့သလို လမ်းပတ်ကိုယ်တိုင်လည်း ၁၉၉၄ ခုနှစ်မှာ သူ့အဖေ လက်ထောက်နည်းပြအဖြစ် လုပ်နေတဲ့ ဝက်ဟမ်းလူငယ်အသင်းမှာ ကစားခဲ့ပြီးနောက် အဲဒီနှစ်မှာပဲ ဝက်ဟမ်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် စတင်ချုပ်ဆိုပြီး ပရိုဘောလုံးသမားဘဝကို စတင်ခဲ့ပါတယ်။
၁၉၉၅ အောက်တိုဘာမှာ ဒုတိယတန်းကလပ် ဆွမ်ဆီး အသင်းကို ရာသီဝက်အငှားနဲ့ သွားရောက်ကစားခဲ့ပြီး သူ့ရဲ့  ပရိုကစားသမားဘဝ ပထမဆုံးဂိုးကို ဘရိုက်တန်နဲ့ပွဲမှာ စတင်သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် မိခင်ကလပ် ဝက်ဟမ်းကို ပြန်ရောက်လာခဲ့ပြီး ဝက်ဟမ်းအသင်းအတွက် ပွဲဦးထွက်ကို ၁၉၉၆ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကစားခဲ့တဲ့ ကိုဗင်ထရီနဲ့ပွဲစဉ်မှာ ကိဗ်ရိုလန်ရဲ့နေရာမှာ လူစားဝင်ကစားကာ စတင်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဝက်ဟမ်းနည်းပြဟာ တခြားသူတော့ မဟုတ်ပါဘူး။ လမ်းပတ်ရဲ့ ဦးလေးအရင်းဖြစ်သူ နာမည်ကျော်နည်းပြ ဟယ်ရီရက်နပ် ပဲဖြစ်ပါတယ်။ လမ်းပတ်ဟာ ဝက်ဟမ်းအသင်းမှာ ၂၀၀၀-၀၁ ဘောလုံးရာသီအထိကစားခဲ့ပြီး တဖြည်းဖြည်းခြေစွမ်းတိုးတက်လာခဲ့ပါတယ်။ အဲဒီအချိန်က လမ်းပတ်ရဲ့ ဝက်ဟမ်းအသင်းဖော်တွေထဲမှာ လူငယ်ကစားသမားတွေအဖြစ်  ဂျိုးကိုးလ်၊ ရီယိုဖာဒီနန်၊ ဂျာမိန်းဒီဖိုး၊ မိုက်ကယ်ကားရစ် စတဲ့ကစားသမားတွေအပြင် နာမည်ကျော် အာဆင်နယ်တိုက်စစ်မှုးကြီး အီယန်ရိုက်အပါအဝင် ဒီကာနီယို စတဲ့နာမည်ကြီးတွေနဲ့ ဝက်ဟမ်းအသင်းဖော်တွေအဖြစ် အတူတကွ တွဲဆော့ခဲ့ကြဖူးပါတယ်။ ဝက်ဟမ်းအသင်းနဲ့အတူ ၁၉၉၉ မှာ ဥရောပ အင်တာတိုတိုဖလား ၁ ကြိမ်) ရရှိခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ၁၉၉၉ အောက်တိုဘာ ၁၀ ရက်နေ့ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။
ခြေစွမ်းခြေစ သိပ်ကိုထက်မြက်နေတဲ့ လမ်းပတ်ကို ကမာ႓႕ဘောလုံးစင်မြင့်ဆီကို ရောက်ရှိစေဖို့ ချဲလ်ဆီးအသင်းကို ခေါ်ဆောင်ခဲ့သူကတော့ လက်စတာနဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကို မထင်မှတ်လောက်တဲ့ အဲ့ဩလောက်စရာ ပုံစံတွေနဲ့ ရယူခဲ့တဲ့ နည်းပြကြီး ကလော်ဒီယို ရာနေးရေးရီ ပဲဖြစ်ပါတယ်။
ဦးလေးဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ ဝက်ဟမ်းအသင်းကို ကျောခိုင်းပြီးနောက် လမ်းပတ်ဟာလည်း ၂၀၀၁ ခုနှစ် ဇွန်လမှာ ယူရို ၁၁ သန်းနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
အီတလီသားနည်းပြကြီးဟာ ချဲလ်ဆီးအသင်းကို အဲဒီအချိန်ကကိုင်တွယ်ခဲ့ပြီး လမ်းပတ်ကို အရောင်တင် နေရာပေးခဲ့သူပါ။ ၂၀၀၃ ခုနှစ်မှာ ရုရှားနိုင်ငံသား ရေနံသန်းကြွယ်သူဌေး ရိုမန်အက်ဗရာမိုဗစ် ချဲလ်ဆီးအသင်းကို ဝယ်ယူပြီးနောက်မှာတော့ လမ်းပတ်ဟာ အသင်းရဲ့ အသက်သွေးကြော ကစားသမားဖြစ်နေပါပြီ။ ကစားသမားပေါင်းများစွာ ခေါ်ယူပြီး ကမာ႓႕ဘောလုံးဈေးကွက်ကို စတင်ကိုင်လှုပ်ခဲ့တဲ့ ချဲလ်ဆီးမှာ ပွဲတိုင်းကစားပြီး လူစားအလဲမခံရတဲ့ ကွင်းလယ်ဗိုလ်ချုပ် ဖြစ်လာတဲ့အထိပါပဲ။
၂၀၀၄-၀၅ ဘောလုံးရာသီမှာ အီတလီသားနည်းပြကြီး အလွန် ချဲလ်ဆီးနဲ့ လမ်းပတ်ရဲ့ ရွှေရောင်ခေတ် အစ ဖြစ်လာပါတော့တယ်။ ပေါ်တိုနဲ့ ဥရောပချန်ပီယံလိဂ် ရယူခဲ့တဲ့ လူငယ်နည်းပြ ပေါ်တူဂီသား မော်ရင်ဟို ချဲလ်ဆီးအသင်းကို ရောက်ရှိလာပြီးတဲ့နောက်မှာတော့ လမ်းပတ်ရဲ့ ဂိုးသွင်းနှုန်းတွေဟာ ကြောက်စရာကောင်းလောက်အောင် တိုက်စစ်မှူးတွေနဲ့ တန်းတူဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံသားတွေထဲမှာ ဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လမ်းပတ်တစ်ယောက်သာ ဒုတိယတစ်ကြိမ် (၂၀၀၅) မှာရယူခဲ့ဖူးတာရှိပြီး ဘယ်သူမှ ထိပ်ဆုံး ၃ ယောက်စာရင်းတောင် မဝင်ဖူးကြပါဘူး။ လမ်းပတ်ဟာ ယနေ့တိုင် ပရီးမီးယားလိဂ်သမိုင်းမှာ တတိယ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ကာ ပရီးမီးယားလိဂ်သမိုင်းရဲ့ ဂိုးသွင်းအများဆုံး ကွင်းလယ်ကစားသမားဖြစ်ပြီး ၁၇၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒဏ်ရာပွဲပယ်တွေသိပ်မရှိခဲ့ဘဲ ပွဲတိုင်းနီးပါးပွဲချိန်ပြည့်ပါဝင်ခွင့်ရခဲ့သူမို့ ပရီးမီးယားလိဂ်မှာ တတိယပွဲအများဆုံး ၆၀၉ ပွဲကစားခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာလည်း ၂၁၁ ဂိုးနဲ့ တိုက်စစ်မှူးတွေကိုကျော်ပြီး ထိပ်ဆုံးမှာ အခုထိ ရပ်တည်နေသူ ဖြစ်ပါတယ်။ ဂိုးဖန်တီးမှုမှာဆိုရင်လည်း ပရီးမီးယားလိဂ်မှာ စတုတ္ထအများဆုံးအဖြစ် ၁၀၂ ကြိမ်နဲ့ ရပ်တည်နေသူပဲဖြစ်ပါတယ်။
လမ်းပတ်ဟာ ချဲလ်ဆီးအသင်းမှာ ၂၀၀၁-၀၂ ဘောလုံးရာသီမှ ၂၀၁၃-၁၄ ဘောလုံးရာသီအထိ ၁၃ နှစ်ကြာ ချဲလ်ဆီးအသင်းအတွက် ပေးဆပ်ခဲ့ကာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် (၃) ကြိမ် – ၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၉-၁၀)၊ ချန်ပီယံလိဂ် (၁ ကြိမ် – ၂၀၁၁-၁၂)၊ ယူရိုပါလိဂ် (၁ ကြိမ်- ၂၀၁၂-၁၃)၊ FA ဖလား (၄ ကြိမ် – ၂၀၀၆-၀၇၊၂၀၀၈-၀၉၊၂၀၀၉-၁၀၊၂၀၁၁-၁၂)၊ လိဂ်ဖလား (၂ ကြိမ် – ၂၀၀၄-၀၅၊၂၀၀၆-၀၇)၊ ကွန်မြူနတီဒိုင်း (၂ ကြိမ် – ၂၀၀၅-၀၆၊၂၀၀၉-၁၀) ရရှိခဲ့ပါတယ်။
၂၀၁၄-၁၅ ခုနှစ်မှာတော့ မန်စီးတီးအသင်းရဲ့ သူဌေးပိုင် အမေရိကန်ကလပ်တစ်ခုဖြစ်တဲ့ နယူးယော့ခ်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် မန်စီးတီးအသင်းကို ရှိတ်မန်ဆာရဲ့ ဆန္ဒအရ အငှားပြန်လာပြီး ပရီးမီးယားလိဂ်ကို တစ်ရာသီထိတွေ့ခဲ့ပါသေးတယ်။ အဲ့ဒီနောက် နယူးယော့ခ်စီးတီးကို ပြန်လည်ပြောင်းရွှေ့ကစားခဲ့ပြီး  ၂၀၁၆ ခုနှစ်မှာ ဘောလုံးသမားဘဝကနေ အပြီးသတ် အနားယူခဲ့ပါတယ်။
လမ်းပတ်ဟာ ကစားဘဝသက်တမ်း တစ်လျှောက် အင်္ဂလန်လက်ရွေးစင်အဖြစ် နိုင်ငံအသင်းအတွက် ၁၀၆ ပွဲကစားခဲ့ပြီး ၂၉ ဂိုးသွင်းယူခဲ့ကာ ကလပ်အသင်းတွေမှာ စုစုပေါင်း ၉၁၃ ပွဲကစားကာ ၂၇၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
နိုင်ငံအသင်းအတွက် ၁၉၉၉ မှာစတင်ပွဲထွက်ခွင့်ရှိခဲ့ပေမဲ့ ယူရို ၂၀၀၀ နဲ့ ၂၀၀၂ ကမာ႓႕ဖလားအတွက် အင်္ဂလန်လူစာရင်းမှာ အရွေးချယ်မခံခဲ့ရပါဘူး။ ပြိုင်ပွဲကြီးတွေအဖြစ် ၂၀၀၄ ယူရို၊ ၂၀၀၆ ကမာ႓႕ဖလား၊ ၂၀၀၈ ယူရို၊ ၂၀၁၀ ကမာ႓႕ဖလား၊ ၂၀၁၄ ကမာ႓႕ဖလား တွေမှာပါဝင်ကစားနိုင်ခဲ့ပေမဲ့ အမြင့်ဆုံးအဆင့်အနေနဲ့ ကွာတားဖိုင်နယ်အဆင့်အထိသာ တက်ရောက်နိုင်ခဲ့ပါတယ်။ ယူရို ၂၀၁၂ မှာတော့ ခြေစစ်ပွဲအဆင့်မှာသာကျေနပ်ခဲ့ရပါတယ်။ ဒေးဗစ်ဘက်ခမ်း နောက်ပိုင်း အင်္ဂလန်ရဲ့ ပယ်နယ်တီမှန်သမျှ ပင်တိုင်ကန်သွင်းဖို့ ၂၀၀၆ ကနေ လက်ရွေးစင်အသင်းက အနားယူချိန်ထိ ယုံကြည်စိတ်ချစွာ တာဝန်ပေးခံခဲ့ရသူလဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လမ်းပတ်ဟာ ချဲလ်ဆီးလူငယ်အသင်းမှာ လက်ထောက်နည်းပြအဖြစ်လုပ်ကိုင်နေသလို နာမည်ကျော် ရုပ်သံ Sky Sports မှာလည်း ဘောလုံးဝေဖန်သူအဖြစ် အင်္ဂလန်နဲ့ ဝက်ဟမ်းအသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ အတူပြန်လည်လက်တွဲကာ လုပ်ကိုင်လျက် ရှိပါတယ်။
Ref: wikipedia
Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top