ဝက်ဘ်ဆိုက်တစ်ခုက ‌ဟောလိုဝင်းပွဲအမီ‌ရောင်းချလိုက်တဲ့ “Pennywise ပူ‌ဖောင်းမီးအိမ်”

ball.jpg

ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ်ရုပ်ရှင်‌တွေကို ကြိုက်တတ်သူတွေနဲ့ “IT” ဇာတ်ကားရဲ့အမာခံပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါက Firebox ဆိုတဲ့ နိုင်ငံခြားဝက်ဘ်ဆိုက်တစ်ခုမှာ “IT” ဇာတ်ကားထဲက ဇာတ်ကောင် “Pennywise” ကိုင်ခဲ့တဲ့ အနီရောင်ပူ‌ဖောင်းဒီဇိုင်းမျိုးဖန်တီးထားတဲ့ အနီရောင်မီးအိမ်လေးကို ရောင်းချ‌ပေးနပြီဆိုတဲ့သတင်းပါ။

“Pennywise” လူပြက်ပူ‌ဖောင်းမီးအိမ်က အမြင့် (၃၅) စင်တီမီတာဝန်းကျင်ဖြစ်ပြီး ဈေးနှုန်းကတော့ (၃၇) ဒေါ်လာ(မြန်မာငွေနဲ့ဆိုရင် ၅၆၀၀၀ ကျပ်) လောက် ကျမှာဖြစ်ပါတယ်။ IT ရုပ်ရှင်ပရိသတ်တိုင်း သဘောကျသွားလောက်တဲ့ အဲဒီအမိုက်စား‌လေးကို Firebox က မိတ်ဆက်ပေးလိုက်တာပါ။ အိပ်ခန်းထဲမှာ ဒီမီးအိမ်လေးကို အလှဆင်ထားလိုက်မယ်ဆိုရင် အခန်းကို အနီရောင်သမ်းနေ‌စေမှာပါ။ ဒါပေမဲ့ “Pennywise”က ကိုယ့်ကို ကြည့်နေတယ်လို့ ခံစားရစေမှာဖြစ်တဲ့အတွက် နည်းနည်းတော့လန့်စရာကောင်း‌နေပါတယ်။

စာဖတ်သူကော ဒီ”Pennywise ပူ‌ဖောင်းမီးအိမ်” လေးကို ကြည့်ပြီး လိုချင်မိသလိုများဖြစ်သွားမိလား။ “IT Chapter 2” ရုပ်ရှင်က သိပ်မကြာခင်အချိန်မှာ ရုံတင်‌တော့မှာဖြစ်လို့ ဘယ်လိုမျိုးစိတ်လှုပ်ရှားရဦးမလဲဆိုတာကို ‌တွေးထားလို့‌တော့ရနိုင်‌ပြီဖြစ်ပါတယ်။

Ref: Boredpanda “Someone Just Made A Spooky ‘IT’ Balloon Lamp And Sells It For $37”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top