ဇန်နဝါရီလကုန်ကစပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေ ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိမယ်

8-1-2021-yyl10.jpg

ဇန်နဝါရီလကုန်ကနေ ဖေဖော်ဝါရီလလယ် ကာလအတွင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရောက်ရှိလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကနေဒါနိုင်ငံတွေအပါအဝင် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတချို့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်နေပါပြီ။

ကမ္ဘာ့နိုင်ငံအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရေးနဲ့ ဖြန့်ဖြူးရေးအတွက် ဆောင်ရွက်နေတဲ့ COVAX အဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေး အဖုံ ၂ ဘီလျံ ဝယ်ယူဖို့ သဘောတူညီထားပြီး လာမယ့်သီတင်းပတ်တွေအတွင်း COVAX အဖွဲ့ဝင် နိုင်ငံတချို့မှာ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနိုင်တော့မယ်လို့ WHO ရဲ့ ကာကွယ်ဆေးဆိုင်ရာ အကြီးအကဲ ကိတ်အိုဘရိုင်ယန်က ပြောပါတယ်။

COVAX အဖွဲ့ဟာ ၂၀၂၁ ခုနှစ်အကုန်မှာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးရရှိဖို့ ရည်မှန်းထားပါတယ်။ ဝင်ငွေနည်းတဲ့ အာဖရိကနိုင်ငံတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဘယ်တော့လောက် ရမလဲလို့ မေးမြန်းရာမှာ ကိတ်အိုဘရိုင်ယန်က ” ကာကွယ်ဆေးအဖုံရေ ၂ ဘီလျံကျော် မှာယူထားပါတယ်။ ဇန်နဝါရီလကုန်လောက်ကစပြီး ကာကွယ်ဆေးတွေ ပို့ပေးမယ်။ ဒါမှမဟုတ်ရင် ဖေဖော်ဝါရီလအစောပိုင်း၊ ဖေဖော်ဝါရီလလယ်ပိုင်းလောက်တော့ သေချာပေါက် ရမှာပါ။ ဒါကတော့ အာဖရိကနဲ့ အာရှတောင်ပိုင်းနိုင်ငံတွေ၊ အဖွဲ့ဝင်နိုင်ငံ ၉၂ နိုင်ငံထဲမှာ ပါဝင်ပြီး ကာကွယ်ဆေးစရိတ် မတတ်နိုင်တဲ့ တခြားနိုင်ငံတွေ ကာကွယ်ဆေးရရှိမယ့် အနေအထားပါပဲ” လို့ ကိတ်အိုဘရိုင်ယန်က ပြောပါတယ်။

Ref: CNA ” Poorest countries can expect COVID-19 vaccines within weeks: WHO”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top