ပြင်သစ်နိုင်ငံမှာ ကန့်သတ်မှုစည်းမျဉ်း တော်တော်များများ ရုပ်သိမ်း

15-6-2020-yyl-007.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းတော်တော်များများကို ရုပ်သိမ်းလိုက်ပြီလို့ ပြင်သစ်သမ္မတမက်ခရွန်က ကြေညာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဇွန်လ ၁၅ ရက်ကစပြီး ကဖေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး တခြားဥရောပနိုင်ငံတွေကိုလည်း ခရီးသွားခွင့်ပေးတော့မှာပါ။ ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်က စောင့်ရှောက်ရေးဂေဟာမှာရှိနေတယ်ဆိုရင် သွားရောက်လည်ပတ်ခွင့်ရရှိပြီဖြစ်ပါတယ်။ စောင့်ရှောက်ရေးဂေဟာတွေဟာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရလို့ အစောပိုင်းမှာ သွားရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်မှာ ဥရောပနိုင်ငံ တော်တော်များများကလည်း အခြားဥရောပနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ သူတို့ရဲ့နယ်စပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

ပြင်သစ်နိုင်ငံက ပထမဆုံးအောင်ပွဲ ရရှိပြီဖြစ်ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ပျံ့နှံ့လာနိုင်သေးတယ်လို့ မက်ခရွန်က သတိပေးခဲ့ပါတယ်။ အခုလအစောပိုင်းကတည်းက ပြင်သစ်နိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရေးစည်းမျဉ်းတွေနဲ့အညီ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ကဖေးဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးတွေ့ရှိတဲ့ ပါရီမြို့မှာတော့ ဇွန်လ ၁၅ ရက်ကျမှ ဆိုင်တွေ ပြန်ဖွင့်ခွင့်ရရှိတာဖြစ်ပါတယ်။အထက်တန်းကျောင်းတွေကလွဲပြီး တခြားကျောင်းတွေကို ဇွန်လ ၂၂ ရက်မှာ ပြန်လည်ဖွင့်လှစ်မှာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top