စိတ်တည်ငြိမ် ကြည်လင်စေမယ့် Candle Gazing၊ Candle Meditation ကျင့်စဉ်

11-6-2020-yyl-028.jpg

စိတ်တည်ငြိမ် ကြည်လင်အောင်၊ သတိမလပ်ဘဲ အာရုံစုစည်းတတ်အောင် ပြုလုပ်တဲ့ နည်းလမ်းတစ်ခုကတော့ Trataka 🕯️ Candle Gazing၊ Candle Meditation ကျင့်စဉ်ပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့ ၁-စိတ်ဓာတ်ကျခြင်း၊ ၂-စိတ်ဖိစီးခြင်း၊ ၃-စိတ်အာရုံစူးစိုက်မှု အားနည်းခြင်း၊ ၄- နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ ၅- ဒေါသထွက်လွယ်ခြင်း၊ ၆-စိတ်မပျော်ရွှင် ဝမ်းနည်းအားငယ်လွယ်ခြင်း၊ ၇-ဘဝကို အကောင်းမြင်စိတ် နည်းပါးနေခြင်း များကို သက်သာစေပြီး၊ အမြင်အာရုံပိုင်းကို ပိုမိုအားကောင်းလာခြင်း၊ အာရုံကြောပိုင်း‌ဆိုင်ရာတွေ ကောင်းမွန်‌‌လာခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း၊ ယောဂ အာစနများ ကျင့်ရာမှာ ပိုမိုတိုးတက်တည်ငြိမ်အောင် ကျင့်လိုသူတွေ လေ့ကျင့်သင့်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့( ၁၄-၆-၂၀၂၀) နံနက် ၈နာရီမှာ ဆရာမခိုင်ခန့်သွင် (Reality Yoga Studio)နဲ့အတူ Trataka လို့ ခေါ်တဲ့(Candle Gazing)၊(Candle Meditation )ကို YRYEA လူမှုကွန်ရက်စာမျက်နှာကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်ဆော့ကစားချင်သူတွေအနေနဲ့ (၁)ဖယောင်းတိုင်တစ်တိုင်နဲ့ မီးခြစ်၊ (၂)မျက်လုံးနဲ့ တစ်တန်းထဲဖြစ်စေမဲ့ ဖယောင်းတိုင်တင်လို့ရမဲ့အမြင့်တနေရာ၊ (၃)တိတ်ဆိတ်ပြီး အလင်းရောင်မဝင်တဲ့ နေရာတခု ရှိဖို့ပဲ လိုအပ်ပါတယ်။

⚠️သတိပြုစရာ တခုကတော့ မျက်စိနဲ့ပတ်သက်သော ရောဂါဝေဒနာခံစားနေသူများလတ်တလော မျက်စိခွဲစိတ်ထားသူများအနေနှင့်လိုက်လံမပြုလုပ်သင့်ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top