၁၁ နှစ်သမီးလေးက သူ့အဖေကို မေးတယ်။ ” သမီး ၁၅ နှစ်ပြည့်ရင် ဖေဖေ ဘာလက်ဆောင် ပေးမှာလဲဒဒ ” နေပါဦး သမီးရယ်။ အချိန်အများကြီး လိုပါသေးတယ်” လို့ သူ့အဖေက ပြောလိုက်တယ်။ ကလေးမလေး ၁၄ နှစ်ကျော်လာပြီး တစ်ရက်မှာတော့ မူးမေ့လဲသွားလို့ ဆေးရုံ တင်လိုက်ရတယ်။ ဆရာဝန်က စစ်ဆေးကြည့်ပြီးတော့ သူ့အဖေကို ပြောတယ်။
” ခင်ဗျားသမီးက နှလုံး မကောင်းတော့ဘူး။ ကြာကြာနေရမယ် မထင်ဘူး”တဲ့။ သူ့အဖေ အခန်းထဲ ဝင်လာတော့ ကောင်မလေးက မေးတယ်။ ” သမီး သေတော့မှာလား ဖေဖေ” ” မဟုတ်တာ သမီးရယ်။ သမီး မသေပါဘူး” ” ဖေဖေက ဘာလို့ အတပ်ပြောနိုင်တာလဲ” ” ဖေဖေ သေချာသိလို့ပေါ့” ၁၅ နှစ်ပြည့်ပြီးနောက်မှာတော့ ကလေးမလေး ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ကျန်းကျန်းမာမာ ပြန်ဖြစ်လာပါပြီ။
အိမ်ပြန်ရောက်တော့ သူ့အိပ်ရာ အောက်ကနေ စာတစ်စောင် ရှာတွေ့ခဲ့ပါတယ်။ စာထဲမှာ ရေးထားတာကတော့ ” သမီးလေး ဒီစာကို ဖတ်ခွင့်ရတယ်ဆိုရင် သမီး အစစ အရာရာ အဆင်ပြေမှာပါ။ ဖေဖေ ပြောတဲ့အတိုင်း သမီး အသက်ဆက်ရှင်ခဲ့ပြီလေ။ သမီး ၁၅ နှစ်ပြည့်ရင် ဘာလက်ဆောင်ပေးမှာလဲလို့ မေးခဲ့ဖူးတယ်နော်။ အဲဒီတုန်းက ဖေဖေလည်း သမီးကို ဘာပေးရမှန်း မသိခဲ့ဘူး။ အခုတော့ သမီးကို ဖေဖေ လက်ဆောင်ပေးလိုက်ပြီနော်။ ဖေဖေရဲ့ နှလုံးကို လက်ဆောင်ပေးခဲ့တာပါ သမီး” သမီးလေး အသက်ဆက် ရှင်ခွင့်ရအောင် ဖခင်က သူ့နှလုံးကို ထုတ်ပေးခဲ့တာပါ။
Ref: An Ultimate Story of Love and Sacrifice
NZ ( ရိုးရာလေး)