နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ ရှေးဟောင်း ရော်ဘင်ဟုဒ်သစ်ပင်ကြီး သေသွားပြီလို့ ကျွမ်းကျင်ပညာရှင်တွေယူဆ

deadd.jpg

UK ရဲ့ အထင်ကရသစ်ပင်ကြီးတွေထဲက တစ်ပင်ဖြစ်တဲ့ The Major Oak ဟာ သေသွားပြီလို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ အဲ့ဒီသစ်ပင်ရဲ့သက်တမ်း၊ အရွယ်အစားနဲ့ ရော်ဘင်ဟုဒ်နဲ့ ဆက်စပ်တာကြောင့် နာမည်ကြီးပါတယ်။

အဲ့ဒီရှေးဟောင်းသစ်ပင်ကြီးက Sherwood Forest ထဲမှာ ရှိနေခဲ့တာ နှစ်ပေါင်း ၁၂၀၀ ကျော်လောက်ရှိပြီး ဗြိတိန်ရဲ့အကြီးဆုံးဝက်သစ်ချပင်တွေထဲက တစ်ပင်လည်းဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေဟာ သစ်ပင်ကြီးရှင်သန်ကြီးထွားဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ မကြာသေးခင်နှစ်တွေမှာ သစ်ပင်ကြီးက သိသိသာသာညှိုးနွမ်းလာခဲ့ပါတယ်။ အခုနှစ်ရဲ့ပထမဆုံးနွေဦးရာသီမှာ အရွက်တွေထွက်မလာတဲ့အတွက် အပင်ကြီးသေသွားပြီလို့ ယူဆခဲ့ကြပါတယ်။

သစ်ပင်ကြီးသေဆုံးရခြင်းရဲ့တိကျတဲ့အကြောင်းအရင်းကို ဆုံးဖြတ်ဖို့ ခက်ခဲစေပါတယ်။ မကြာသေးခင်က အပူလှိုင်းတွေနဲ့ မိုးခေါင်ရေရှားမှုတွေ အပါအဝင် ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးသက်ရောက်မှုကြောင့် သစ်ပင်ကြီးပိုမိုဆိုးရွားလာခဲ့တယ်လို့တော့ ပြောပါတယ်။

The Major Oak က လူနဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် အထိမ်းအမှတ်သစ်ပင်အဖြစ် သစ်တောထဲမှာ ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။ သစ်ပင်ရဲ့ပျိုးပင်တွေကို ကမ္ဘာအနှံ့မှာလည်း စိုက်ပျိုးထားပါတယ်။

Ref: Ancient ‘Robin Hood’ tree is dead, experts say

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top