ကမ္ဘာကျော်ပုဂ္ဂိုလ်တချို့ပါဝင်တဲ့ သမိုင်းဝင်ရှားပါးဓာတ်ပုံများ

19-8-2022-yyl26.jpg

၁၉၉၁ ခုနှစ်က စကားစမြည်ပြောနေတဲ့ စတိဗ် ဂျော့စ်နဲ့ ဘီလ် ဂိတ်

သမိုင်းဝင်ရှားပါးဓာတ်ပုံတွေ မဖော်ပြပေးခင်မှာ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဓာတ်ပုံပညာနေ့အကြောင်း အရင်ပြောပြပေးချင်ပါတယ်။ “ဓာတ်ပုံတစ်ပုံက စကားလုံးပေါင်းတစ်ထောင်တန်တယ်” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီစကားဟာ ကမ္ဘာ့ဓာတ်ပုံပညာနေ့နောက်ကွယ်က သဘောတရားကို အတိုဆုံးနဲ့ အရှင်းဆုံးဖော်ပြပေးနိုင်ပါတယ်။ အကြောင်းအရာတစ်ခုကို နှုတ်နဲ့ ပြောပြတာထက် ဓာတ်ပုံနဲ့ပြလိုက်တာက ပိုပြီးသဘောပေါက်လွယ်စေနိုင်တာကြောင့်ပါ။

အထက်တန်းကျောင်းဘက်စကတ်ဘောအသင်းနဲ့အတူ ဘာရက် အိုဘားမား
၁၉၅၃ ခုနှစ်က ဆွစ်ဇလန်မှာ အင်ဒီရာ ပရိယာဒါရှီနီ ဂန္ဒီ၊ ဂျဝါဟာလာ နေရူ တို့နဲ့အတူတွေ့ရတဲ့ ချာလီ ချက်ပလင်

ကမ္ဘာ့ဓာတ်ပုံပညာနေ့အကြောင်း ပြောရရင် ဓာတ်ပုံပညာကို ဂုဏ်ပြုတဲ့အနေနဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကို ကမ္ဘာ့ဓာတ်ပုံပညာနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒီနေ့ရဲ့ရည်ရွယ်ချက်က ကျွမ်းကျင်ဓာတ်ပုံဆရာတွေနဲ့ အပျော်တမ်းဓာတ်ပုံဆရာတွေကို အနုပညာနဲ့နည်းပညာတွေ ရောစပ်ထားတဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအကြောင်း ပိုပြီးပြောလာဖို့အတွက် လှုံ့ဆော်ပေးဖို့ပါ။ ဓာတ်ပုံပညာက ကမ္ဘာကြီးမှာ နေထိုင်နေတဲ့ လူသားတွေရဲ့ဘဝတွေ၊ နေထိုင်မှုပုံစံတွေ၊ လူတွေရဲ့အခိုက်အတန့်အတွေ့အကြုံတွေအပြင် သဘာဝတရားကြီးကိုလည်း မှတ်တမ်းတင်ထားနိုင်တဲ့ ကြားခံတစ်ခုလို့ပြောလို့ရပါတယ်။

လိုင်စင်မရှိဘဲ မောင်းနှင်မှုနဲ့ ဘီလ်ဂိတ် အဖမ်းခံခဲ့ရစဉ်
၁၉၈၁ ခုနှစ်က သေကြောင်းကြံစည်ဖို့ ကြိုးစားနေတဲ့ အမျိုးသားတစ်ဦးကို စည်းရုံးနေတဲ့ အမေရိကန်လူမျိုး ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား မိုဟာမက်အလီ

ကမ္ဘာ့ဓာတ်ပုံပညာနေ့က ‘daguerreotype’ လို့ခေါ်တဲ့ ပထမဆုံးစီးပွားဖြစ် ဓာတ်ပုံရိုက်ကူးမှုလုပ်ငန်းစဉ်တီထွင်ခဲ့ပြီးတဲ့နောက်မှာ စတင်ခဲ့တာပါ။ အရင်က ဒီလုပ်ငန်းစဉ်ကနေတဆင့် ရုပ်ပုံဖန်တီးခဲ့တာပါ။ ဓာတ်ပုံရိုက်ကူးမှုလုပ်ငန်းစဉ်ကို ၁၈၃၇ ခုနှစ်မှာ ပြင်သစ်လူမျိုး Louis Daguerre က တီထွင်ခဲ့ပြီး ၁၉၄၀ ခုနှစ်နဲ့ ၁၈၅၀ ခုနှစ်ကြား တွင်ကျယ်စွာ အသုံးပြုခဲ့ပါတယ်။

တိုက်တန်းနစ်သင်္ဘောမနစ်မြုပ်ခင် ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတွေထဲကတစ်ခု
၁၉၃၇ ခုနှစ်က McDonald’s ဆိုင်

တီထွင်ခဲ့ပြီး (၂) နှစ်အကြာ ၁၈၃၉ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ the French Academy of Sciences အဖွဲ့အစည်းက dagurreotype ကို တရားဝင်ထောက်ခံပေးခဲ့ပါတယ်။ (၇) လအကြာ ၁၈၃၉ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှာ ပြင်သစ်အစိုးရက ဒီဓာတ်ပုံရိုက်ကူးမှုလုပ်ငန်းစဉ်တီထွင်မှုက တစ်ကမ္ဘာလုံးအတွက် လက်ဆောင်တစ်ခုဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ကြေညာခဲ့တဲ့ အဲဒီနေ့ကို အစွဲပြုပြီး ဩဂုတ်လ ၁၉ ရက်နေ့က ကမ္ဘာ့ဓာတ်ပုံပညာနေ့ဖြစ်လာခဲ့တာပါ။

ဟောလီဝုဒ်ရုပ်ရှင်စတူဒီယို Metro-Goldwyn-Mayer ရဲ့လာဘ်ကောင် Leo the Lion ရဲ့အသံကို မှတ်တမ်းတင်နေစဉ်
၁၈၈၀ ခုနှစ်က အီဖယ်လ်မျှော်စင်တည်ဆောက်နေစဉ်

ကမ္ဘာ့ဓာတ်ပုံပညာနေ့အကြောင်း အကျဉ်းချုပ်ပြောပြီးသွားပြီဆိုတော့ ကမ္ဘာကျော်ပုဂ္ဂိုလ်တချို့ပါဝင်တဲ့ သမိုင်းဝင်ရှားပါးဓာတ်ပုံအနည်းငယ်အပြင် အခြားရှားပါးဓာတ်ပုံတချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီကနေ့မှာ စာဖတ်ပရိသတ်တွေ ဓာတ်ပုံတွေရိုက်ကူးဖြစ်ခဲ့ရင်လည်း မျှဝေပေးခဲ့ပါဦး။

Ref: Rare Photos From History That Will Leave You Spellbound

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top