သူ့ရဲ့ ၁၅ နှစ်အရွယ်သမီးဖြစ်သူကို ကိုယ်ရေးလက်ထောက်အဖြစ် ခန့်ထားတဲ့ အိန်ဂျလီနာဂျိုလီ

22.8.23-yyl-3.jpg

၁၅ နှစ်အရွယ်သမီးဖြစ်သူကို သူ့ရဲ့ကိုယ်ရေးလက်ထောက်အဖြစ် ဟောလိဝုဒ်စူပါစတား အိန်ဂျလီနာဂျိုလီ ခန့်အပ်ထားတယ်ဆိုတဲ့ အကြောင်းအရာက သတင်းခေါင်းကြီးပိုင်းအဖြစ် မကြာသေးခင်က ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ဒီဆုံးဖြတ်ချက်က ပရိသတ်တွေအကြား ပြောစရာဖြစ်ခဲ့တာပါ။ တချို့ပရိသတ်တွေက သမီးဖြစ်သူကို ကိုယ်ရေးလက်ထောက်အဖြစ် ခန့်အပ်ထားတာသိရတော့ ဝမ်းသာကြပါတယ်။

ဂျိုလီမှာ ကလေး ၆ ယောက်ရှိတဲ့အနက် အမြွှာသမီးလေး ၂ ယောက်ဖြစ်တဲ့ ရှိင်လော့နဲ့ ဗစ်ဗီယန်၊ မွေးစားသမီး ဇာဟာရာဆိုပြီး သမီးလေး ၃ ယောက် ရှိတယ်ဆိုတာ ပရိသတ်တွေအသိပါပဲ။ အခု သူ့ရဲ့ကိုယ်ရေးလက်ထောက်အဖြစ် ခန့်အပ်လိုက်တာက ဗစ်ဗီယန်ကိုပါ။ လက်ရှိမှာ ဂျိုလီက The Outsider အမည်ရတဲ့ ဝတ္ထုကို အခြေခံထားတဲ့ Broadway Musical အသစ်မှာ ထုတ်လုပ်သူပါ။ လာမယ့် ထုတ်လုပ်ရေးအတွက် သူ့ရဲ့သမီးကို ကိုယ်ရေးလက်ထောက်အဖြစ် အခုလို ခန့်အပ်ခဲ့တာပါ။ “သမီးလေးက ပြဇာတ်နဲ့ပတ်သက်ပြီး လေးလေးနက်နက်တွေးခေါ်တတ်ပြီး ဘယ်လို ပံ့ပိုးကူညီရမယ်ဆိုတာကို အကောင်းဆုံးကြိုးစားနေတဲ့သူပါ”လို့ ဂျိုလီက ပြောပါတယ်။

တချို့ပရိသတ်တွေက ဂျိုလီတို့အတွက် ဝမ်းသာခဲ့ကြပါတယ်။ “သူ့အမေနဲ့အတူ အလုပ်လုပ်ရတော့မယ်၊ ဒါက သူ့အတွက် အရမ်းကောင်း”လို့ ပြောတဲ့ ပရိသတ်ရှိသလို “အံ့ဖွယ်မိခင်”လို့ ဂျိုလီကို ချီးကျူးတဲ့ပရိသတ်လည်း ရှိပါတယ်။ တချို့ကတော့ “The Outsiders” ကို ကြည့်ရဖို့ မစောင့်နိုင်ဖြစ်နေကြပါတယ်။

Ref: Angelina Jolie Hires Her 15-Year-Old Daughter as Her Assistant

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top